ပိတုဂူမှ ရတနာသိုက်
အပိုင်း(၂)
နဂါးဟုတဖြစ်လဲခေါ်သောမိမိဘဝတွင် မနက်အစောထရသည်မှာ သိုင်းကျင့်သည့်ကိစ္စမှမဟုတ်လျှင်
မထချင်သောအလုပ်ပင် အခုတော့ ဟိုအသက်ဆိုလို့ မဆိုစလောက်လေးသာကြီးသော ဆန်ဟွန်းဆိုတဲ့ လူကြောင့်သူထရသည်သာမိမိနှင့်မျက်နှာချင်းဆိုင်လိုက်သည်နဲ့ တစ်နည်းမဟုတ်တစ်နည်း ရန်ဖြစ်နေကြသောမိမိတို့နှစ်ယောက်မှာ အခုတော့ ဂိုဏ်းချုပ်Yangရဲ့ကောင်းမှုကြောင့် မျက်နှာချင်းဆိုင်ထိုင်နေရသည်မှာ ဘယ်လောက်ကြာနေပြီလဲပင် မသိတော့
သို့သော်လည်း အခုထိပင်သူတို့ဘယ်သွားလို့ ဘယ်ကစပြီးရှာရမှန်းမသိ တခြားသူတွေပင် ရှာတွေ့ဖို့ခက်တဲ့နေရာကို ၅နှစ်နီးနီးအဆက်အသွယ်ပြတ်ခဲ့သော မိမိတို့နှစ်ယောက်မှာတိုင်ပတ်နေရပြီ
'ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ'
'ငါလည်းမသိလို့ထိုင်နေတာပေါ့ သိမှတော့အခုတောင်အဲ့နေရာရောက်နေလောက်ပြီ'
တွေ့လားအဲ့လိုဘုနဲ့ဘောက် သူအဲ့လိုဖြေနေသ၍ သူတို့နှစ်ယောက်တည့်ဖို့ လမ်းမမြင် တည့်ဖို့လည်းစိတ်ကူးပင်မရှိ
'ခရီးထွက်ပြီးရှာရအောင် ဒီတိုင်းတော့မဖြစ်ဘူးမလား'
'အဲ့ဒါမင်းပြောမလား ငါလည်းသိတာပေါ့ ဘယ်ကိုသွားရမလဲမသိလို့ပေါ့ကွာ'
'ဒီတိုင်းပဲ သွားကြည့်ရအောင် အခြားနေရာကလူတွေတော့ သာမန်ဂူတစ်ခုအနေနဲ့သိတယ်လို့ပြောတယ်မလား'
'Okလေ သွားမယ် မနက်ဖြန်မနက်စထွက်မယ်'
ပြောပြီးပြီးချင်းထွက်သွားတာကြောင့် စိတ်ထဲကနေကျိန်ဆဲလိုက်မိတယ် ဒီလိုလူနဲ့ဘယ်လောက်ကြာထိ ခရီးသွားရမယ်မသိ
'ဟူးးးး မသိဘူးကွာ နားရတုန်းပြန်အိပ်တာကောင်းတယ်'
________________________________🐎🐎🐎🐎🐎🐎🐎
သူတို့မနက်အစောကြီးထထွက်လာတာမို့ နေမွန်းမတည့်ခင်ပင် တောင်ခြေသို့ရောက်နေပြီ ရာသီဥတုက တောင်ပေါ်လောက် အေးသည်မဆိုနိုင်သော်လည်း ပူသည့်ထဲတွင်တော့မပါ နေကောင်းရုံဆိုသည်သာ
YOU ARE READING
ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)
FanfictionAuthor လေးဦးက တစ်ပိုင်းကို တစ်ယောက် တလှည့်စီ ရေးထားတာမို့ အားပေးကြပါဦးနော် 😘 #Nyongtory #Todae #Bigbang