ပိတုဂူမှ ရတနာသိုက်
အပိုင်း (၅) 💎
ဆန်ဟွန်း သက်ပြင်းအရှည်ကြီး ချပစ်မိဧ။်။
သူနှင့် ဂျီယုံးတို့မှာ မည်သို့မျှ ခေါင်းချင်းဆိုင်၍မရ။ ဆိုင်လိုက်သည်နှင့် တစ်ယောက်တစ်ပေါက်ဖြင့်သာ။
" မင်းနဲ့ငါက အတိတ်ဘဝက ရန်ဘက်တွေနေမယ်... မင်းကိုငါ အတော်လေး ကြည့်မရတော့ဘူး..."
စိတ်ပျက်လက်ပျက်ဖြင့် ထပြောလိုက်သောစကားကြောင့် အချေကောင် ဂျီယုံးက ဟက်ကနဲ ခြောက်ကပ်ကပ်ရယ်မောရင်း...
" အတိတ်တစ်ဘဝတည်း မကလောက်ဖူး ဘဝဆက်တိုင်း ရန်ဘက်ဖြစ်နေခဲ့မယ်ထင်တယ်... ငါလည်း မင်းကို ကြည့်လို့ကိုမရတာ..."
ကဲ...အခုပဲ နှစ်ယောက်သား တစ်ယောက်တစ်ပေါက်ဖြင့် စကားနိုင်လုနေကြရာ ဘယ်သောအခါမှ ဂိုဏ်းချုပ်Yang ပေးအပ်သော တာဝန်ကို အောင်မြင်ပါ့မလဲဟုတွေးမိပြီး ဆန်ဟွန်း စိတ်ကို လျော့ချလိုက်ရလေသည်။
" ထားပါတော့... စောနက ဆွေးနွေးနေတာကို ဆက်ပြောရအောင်..."
" ငါ အခုလည်း... အဲအကြောင်းပဲပြောနေတာလေ..."
တွေ့လား ဒီနဂါးကောင်က မိမိဘက်မှ အလျော့ပေးတော့လည်း ထိုသို့ ရောင့်တက်လာပြန်သဖြင့်...
" မင်းနဲ့ ခဏလောက်နေမှ စကားဆက်ပြောကြမယ်...နို့မို့ဆိုရင် ငါ မင်းကို ဆွဲထိုးမိတော့မှာ..."
ဆန်ဟွန်း ပြောရင်း ထိုင်နေရာမှ ထထွက်လာခဲ့လိုက်သည်။
အနောက်မှဂျီယုံးက မိမိအား အသံတိတ်ကျိန်ဆဲနေသည်ကိုတော့ ဆန်ဟွန်းမသိလိုက်မိပေ။
အခန်းတံခါးကို ဆန်ဟွန်းတစ်ယောက် ဒေါသဖြင့် တွန်းဖွင့်လိုက်တော့...
" အမလေး အမေ့..."
အမေဟု တလျက် ချော်လဲကျရုံတမယ်ဖြစ်သွားသော အရိပ်အယောင်ကြောင့် ဆန်ဟွန်းက ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အလိုက်သင့်ပင် မိမိအရှေ့မှလူဧ။် လက်ကိုဆွဲကိုင် ဖမ်းဆုပ်လိုက်မိဧ။်။
မျက်ဝန်းမှေးမှေးနဲ့ အပြုံးချိုချိုလေး...
ဒါ...ဒါက အခြားသူမဟုတ်... မိမိ မြင်ကတည်းက စိတ်ဝင်စားမိသွားရသည့် တစ်ဦးတည်းသော ကောင်လေးတစ်ဦးပင်။
YOU ARE READING
ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)
FanfictionAuthor လေးဦးက တစ်ပိုင်းကို တစ်ယောက် တလှည့်စီ ရေးထားတာမို့ အားပေးကြပါဦးနော် 😘 #Nyongtory #Todae #Bigbang