ပိတုဂူမှ ရတနာသိုက် 💎 Part (8)

40 5 0
                                    

ပိတုဂူမှ ရတနာသိုက်

Ep 8

‘ ဟေ့ရောင်.. တခုခုတော့ တခုခုပဲကွ..’

ဖင်ကုန်းမတတ် ချောင်းနေကြတဲ့ အရိပ်မည်းနှစ်ခုထဲက တခုမှ ခပ်ရှရှအသံ ထွက်လာတယ်။ ကျန်တယောက်ကတော့ မည်သည့် မှတ်ချက်မှ မပေးပဲ သူတို့ဂိုဏ်းတူအကိုကြီး ဒယ်ဆောင်းနှင့် ဟိုငယ်ငယ်ရွယ်ရွယ်နဲ့ တခေါင်းလုံး ဖွေးဆွတ်နေတဲ့ အူကြောင်ကြား အပြာကောင်ကိုသာ သင်္ကာမကင်းသော အကြည့်များနှင့်သာ ကြည့်လျှက်။

‘ ဂိုဏ်းတူအကိုကြီး ဒယ်ဆောင်းက ဘာဖြစ်လို့ ဒီလူကြီးရဲ့ ပိုက်ဆံအိတ်ကို အခိုးခိုင်းရတာတုန်း ငါတို့မှာလည်း အလုံအလောက် ပါရဲ့သားနဲ့ကွာ.. ဟုတ်တယ်မလား..’

အဆိုပါ ခပ်ရှရှ အသံပိုင်ရှင်မှာ ဂျီဝန်းဖြစ်ပြီး တိတ်တဆိတ် စောင့်ကြည့်နေဆဲ ဂျူနဲမှာတော့ ထူထဲလှတဲ့ မျက်ခုံးကြီးနှစ်ဖက် တွန့်ချိုးသွားသည်အထိ အတွေးများစွာ ယောက်ယက်ခတ်သွားသည့်နှယ်။

‘ ငါ စဉ်းစားနေတာကွ..ဂျီဝန်းရ..’

‘ အေး..ပြောပါဦး..မင်းက ငါ့ထက်တော့ ဂိုဏ်းတူအကိုကြီး ဒယ်ဆောင်းရဲ့ အရိပ်အကဲကို ပိုနားလည်တဲ့သူဆိုတော့ ဒီတခေါက် ကိစ္စမှာ မင်းကိုပဲ ငါ အားကိုးရမှာပဲ..’

‘ အေး..ငါ စဉ်းစားနေတယ်..’

‘ အေးလေ..ဘာတွေ စဉ်းစားမိသလဲလို့..’

စိတ်မရှည်တော့တဲ့ ဂျီဝန်းကို ဂျူနဲက မျက်စောင်းလှမ်းထိုးတယ်။ ပြူးကြောင်ကြောင် ဖြစ်နေတဲ့ ဂျီဝန်းရဲ့ ပုံစံကို ခေါင်းအစ ခြေအဆုံးကြည့်ကာ..

‘ စဉ်းစားနေပါတယ်ဆိုမှ.. ဘယ်လိုလုပ်သိမှာတုန်း..’

‘ ချီးပဲ..’

…..

ဝိုင်တွေထည့်ထားတဲ့ စည်တွေကို တအိုးပြီး တအိုး.. အဖုံးလှပ်လိုက် မြည်းတဲ့ခွက်အသေးလေးနဲ့ ခပ်သောက်လိုက် လုပ်နေတဲ့ ဒီကျက်သတုံးကို ဖင်ဆောင့်ကန်ချင်စိတ် ပေါ်ပေါက်နေသော်ငြားလည်း အောင့်အီးသည်းခံနေရတာမို့ သူ့ရုပ်မှာ အီးပါချင်လျှက်နဲ့ ဗိုက်မနာသေးတဲ့သူလို မျက်နှာလို ဖြစ်နေလောက်မှာ သေချာတယ်။

ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)Where stories live. Discover now