ပိတုဂူမှရတနာသိုက်
အပိုင်း(၁၁)
သိပ်မကြာခင်မှာပဲအငွေ့တထောင်းထောင်းဖြင့်စားချင်စဖွယ်ရနံ့များသင်းပျံ့နေသောဆန်ပြုတ်များရောက်ရှိလာတော့သည်။ဆွန်းရီပထမဦးစွာခရုဆန်ပြုတ်အားခပ်သောက်လိုက်ပြီးလျှာဖျားတစ်လျှောက်စိမ့်ဝင်သွားသောကောင်းမွန်လှတဲ့အရသာကိုခံစားနေလိုက်တော့သည်။ဆွန်းရီကလူကသာငမွဲအစားကောင်းအဝတ်ကောင်းအရာအားလုံးကောင်းပေ့ညွှန့်ပေးဆိုတာကိုမှနှစ်သက်တဲ့သူ..လူတိုင်းကအကောင်းကြိုက်တာမှန်ပေမဲ့.သူကထိုလူတိုင်းထက်ကိုပိုပြီးအကောင်းကြိုက်တက်နေတာဖြစ်သည်။အခုတော့ အခွင့်ရေးရဒကာပေါ်တုန်းလေးဒါနမြောက်အောင်စားသောက်ပေးရတော့မှာပေါ့..။
ဒီသခင်လေးသူတို့တည်းခိုဆောင်ကိုရောက်လာခြင်းဟာဆိုရင်ဖြင့်ကောင်းကင်ပေါ်ကရွှေထုပ်ကြီးကိုသူ့ရင်ခွင်ထဲပစ်ချပေးလိုက်သည်နှယ်..။ဒီသခင်လေးသာပြန်သွားလျှင်သူတော့ဖက်စရာခြေသလုံးပျောက်ရအုံးမှာပဲ..။
သူတို့ဘဝတွေကတော့ဒီလိုပါပဲ...။seungriတွေးရင်းစားနေလိုက်တာခရုဆန်ပြုတ်တစ်ပန်းကန်လုံးကုန်သွားတော့မှမိမိရှေ့မှာမေးထောက်လျှက်ပြုံးပြုံးကြီးကြည့်နေသောဂျီယုံးကြောင့်ရှက်ရကောင်းမှန်းသိသွားကာဆန်ပြုတ်ပင်သီးသွားရလေတော့သည်။
"အဟွတ်...ဟွတ်.."
သူသီးသွားတော့ဂျီယုံးတစ်ယောက်ပျာပျာသလဲဖြစ်သွားကာရေတစ်ခွက်အားကမ်းပေးတာမို့သူလည်းအမြန်ယူသောက်လိုက်ရလေတော့သည်။
"ဖြည်းဖြည်းစားပါကွ..မင်းဟာဘယ်သူမှလုမစားပါဘူး"
ဂျီယုံးပြောတော့ ဆွန်းရီကမျက်နှာရဲရဲဖြင့်...
"အကိုဂျီယုံးကကြည့်နေတာကို..တကယ်တော့ ကျွန်တော်ကဒီအတိုင်းအရမ်းကြိုက်လို့အငမ်းမရဖြစ်သွားတာ.."
"အေးပါ..မင်းကိုဘယ်သူကဘာပြောနေလို့လဲ..မင်းစားနေတဲ့ပုံလေးကဒီအတိုင်သဘောကျစရာကောင်းလို့.."
"ဗျာ...."
"အော်..အဟမ်း..ဘာမှမဟုတ်ဘူး..စားစား..ဆန်ပြုတ်တွေအေးကုန်အုံးမယ်.."
YOU ARE READING
ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)
FanfictionAuthor လေးဦးက တစ်ပိုင်းကို တစ်ယောက် တလှည့်စီ ရေးထားတာမို့ အားပေးကြပါဦးနော် 😘 #Nyongtory #Todae #Bigbang