ပိတုဂူမှ ရတနာသိုက် 💎 Part (14)

41 5 0
                                    

ပိတုဂူမှရတနာသိုက်

အပိုင်း (14)

ရုတ်တရက်ပြုတ်ကျသွားတဲ့ အရှိန်ကြောင့်ရော
လူတွေထပ်ကုန်တာကြောင့်ရော သူတို့အတော်နဲ့မလှုပ်နိုင်ကြ

အပေါ်ကနေဖိထားတဲ့ဟာတွေက ထဖို့မစဉ်းစားသေးတာကြောင့်

'အပေါ်က ဖယ်ဦးဟ အောက်မှာ ဆွန်းရီပိနေပြီ'

အသံခပ်အုပ်အုပ်အော်လိုက်တော့မှ တစ်ယောက်ပြီးတစ်ယောက်ထလိုက်ကြတယ်
ဝတ်ရုံတွေကိုယ်စီခါနေတုန်း လှိုက်တက်လာတဲ့ သွေးညှီနံ့နဲ့အတူ အပုပ်နံ့

ဆန်ဟွန်းနဲ့သူနဲ့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ပြီး

'မြွေမိစ္ဆာ'
နှစ်ယောက်အတူတူပြောလိုက်တော့ ကျန်တဲ့လေးယောက်ကသူတို့ကိုကြောင်ကြည့်နေကြတယ်

'မြွေမိစ္ဆာဆိုတာဘာကိုပြောတာလဲ အစ်ကိုဂျီယုံး'

သူ့အင်္ကျီစကို လှမ်းဆွဲပြီးပြောလာတဲ့ ဆွန်းရီလက်ကို
ကိုင်လိုက်ပြီး

'ဆွန်းရီ ဒီတောင်ကို နဂါးပတ်တောင်လို့ပြောတယ်မလား'

'ဟုတ်တယ်လေ သတို့သမီးတွေတစ်နှစ်တစ်ယောက်
ဆက်သရသေးတာ အပေါ်မှာတောင် အဝတ်တွေတွေ့သေးတယ်မလား ကျတော်တို့'

'မဟုတ်ဘူး ဆွန်းရီ အဲ့ဒါစားထားတာ'

ဒယ်ဆောင်းက ဝင်ပြီးရှင်းပြလိုက်တာကြောင့်မို့ သူစိတ်ထဲ သိပ်မသင်္ကာတော့ သူ့နောက်ကနှစ်ယောက်ကိုလည်း မယုံချင်တော့
ဒါပေမယ့်လည်း လောလောဆယ်တော့ သွေးစည်းရမယ်မလား

'မြွေမိစ္ဆာကနေ နဂါးမင်းယောင်ဆောင်ထားတာ
သူ့အသက်ဆက်ဖို့လေ မိန်းကလေးတွေရဲ့ သွေးကိုသောက်ပြီး'

ဆန်ဟွန်းက ဝင်ရှင်းလိုက်တော့မှ ပြန်ကြည့်လိုက်တော့ မီးကိုထုတ်ဖို့အတွက် သူအသက်ရှုရတာ ပင်ပန်းနေတာကြောင့်

'ဆန်ဟွန်း ငါမီးထုတ်လိုက်မယ် ဒီမှာအနံ့မကောင်းဘူး မင်းအတွက်ဆိုးမယ်'

ပြောရင်းပင် လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး လမ်းကိုမြင်ရတယ်ဆိုရုံ ထုတ်လိုက်တယ်

ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)Where stories live. Discover now