ပိတုဂူမှ ရတနာသိုက် 💎 Part (10)

36 3 0
                                    

ပိတုဂူမှ ရတနာသိုက်

အပိုင်း(10)

နှုတ်ခမ်းနီရဲရဲလေးရဲ့ လွှမ်းမိုးမှုကြောင့် ဂျီယုံးတစ်ယောက် ညကအိပ်လို့တောင်မရ
မနမ်းလိုက်ရလေးခြင်းကိုတွေးလိုက်တိုင်း ဟိုဆန်းဟွမ်းဆိုတော့ ကောင်ကိုသာ စောင့်ကန်လိုက်ချင်တယ်

တစ်မနက်လုံး ဆွန်းရီကို လိုက်ရှာနေတာနေရာစုံနေပေမယ့် မတွေ့တာကြောင့်
စိတ်ကမကြည်တော့
ဒါကိုဟိုဆန်ဟွမ်းက သူငယ်ဖွန်ဖို့အတွက်
ပိုက်ဆံ လာတောင်းနေသေးတာ

*ဟို နတ်သားလေးကလည်း ဘယ်ပျောက်နေတာလဲ မသိဘူး တကယ်ပါပဲ*

သူလည်းဒီခြံဝန်းအပြင် ဈေးထဲအထိလိုက်ရှာပေမယ့် ထိုအဖြူရောင်နတ်သားက ဘယ်ပျောက်နေတယ်မသိ

စိတ်ညစ်ညစ်နဲ့ အခန်းပြန်အိပ်ဖို့ ဧည့်ဆောင်ထဲပြန်ဝင်လာခဲ့တယ်

အထဲရောက်တော့မှ တွေ့ပါပြီ သူ့အဖြူလုံးလေး
ဧည့်ကောင်တာရှေ့မှာ ဆူပုတ်ပုတ်နဲ့ အထဲကလူကို
ဘာတွေပြောနေတယ်မသိ

ဆူထွက်နေတဲ့ နှုတ်ခမ်းကို ဆွဲစားလိုက်ချင်စိတ်ကို အသာထိန်းရင်း သွားဖို့ခြေလှမ်းပြင်နေတုန်း
နောက်ကနေထွက်လာတဲ့ အမျိုးသမီးသုံးဦး
သိပ်တောင်မကြာလိုက် ဆွန်းရီနဲ့အတူတူထွက်သွားကြတယ်

*ဘာလဲ ဟိုဖုတ်ကောင်ဖြစ်အောင်လိမ်းထားတဲ့သူတွေက ဘာလို့ငါ့အဖြူလေးကို ခေါ်သွားတာလဲ လိုက်ကြည့်ဦးမှ*

ဂျီယုံးတစ်ယောက် ဆွန်းရီတို့သွားသည်ကို နောက်မှမသိသာအောင် လိုက်သွားလိုက်တယ်
သူတို့က ဈေးထဲဝင်သွားတာမို့ နောက်ကနေလိုက်ရသည်မှာ မလွယ်

လူရှုတ်တာကြောင့် ပြတ်သွားမှာစိုးတာကတကြောင်း
မိန်းကလေးတွေဆိုတော့ ဟိုဆိုင်ဝင်လိုက်ဒီဆိုင်ကြည့်လိုက်မို့ သူလည်း ဟိုကြည့်သလိုလို ဒီကြည့်သလိုလို လိုက်ပုန်းနေရတယ်

အခုလည်းကြည့် ဟိုမိန်းကလေးတွေက ပိုးထည်တွေရွေးနေတာ အတော်ပင်ကြာနေပြီ

သူ့မယ် ကြက်ဥတွေတင်ထားတဲ့ စင်လေးနောက်ကနေ ပုန်းနေရတာ အဆင်မပြေ

ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)Tahanan ng mga kuwento. Tumuklas ngayon