[Zawgyi]
ပိတုဂူမှရတနာသိုက်အပိုင်း-၁၈
လှည့်ပြန်သွားတဲ့ စောမုဂိုဏ်းသားတွေကိုကြည့်ပြီး
ကြေကွဲရိပ်တွေသန်းနေတဲ့ ဆန်ဟွန်းမျက်နှာကြောင့် ဂျီယုံးလည်းစိတ်မကောင်း။ တစ်ဆက်တည်းမှာပင် မေတ္တာတရားနဲ့ ခံစားချက်အစစ်အမှန်တွေကို နားလည်လိုက်မိတယ်။*အ့*
ရုတ်တရက်လဲကျမလိုဖြစ်သွားတဲ့ ဆွန်းရီကို
ဂျီယုံးအလျင်အမြန်ပင် ထွေးပွေ့လိုက်ရသည်။ဆန်ဟွန်းကတော့ အတော်ဝေးဝေးရောက်နေပြီဖြစ်တဲ့ ကျောပြင်တစ်ခုကို ငေးမောနေဆဲ.....
ဘယ်တော့မှနားလည်လို့မရခဲ့တဲ့ ဆန်ဟွန်းရဲ့စိတ်ကို ဂျီယုံးဒီတစ်ခါတော့နားလည်လိုက်သည်။ အချစ်ဆိုတာ ရန်သူမှန်းသိရဲ့နဲ့တောင် အပြစ်မမြင်တော့တဲ့အထိ လွှမ်းမိုးနိုင်တာပဲ။
"ဆန်ဟွန်း အားနာပေမယ့် ဆွန်းရီကနားဖို့လိုနေတယ်"
ဒီတော့မှလှုပ်ရှားအသက်ဝင်လာတဲ့လူတစ်ယောက်လို သူတို့ဘက်ကိုလှည့်ကြည့်လာတော့တယ်။
"အင်းပါ သွားမယ်လေ ဒီနေ့တစ်ရက်တော့နားရအောင် မနက်ဖြန်မှသွားတာပေါ့"
ရှေ့မှဖြေးညင်းစွာထွက်သွားတဲ့ ဆန်ဟွန်းကိုကြည့်ပြီး ဆွန်းရီလည်းမျက်နှာမကောင်းတော့။
"ဆွန်းရီ မင်းလမ်းလျှောက်နိုင်ပါ့မလား ငါတို့အတော်ကြာလမ်းလျှောက်ရဦးမှာ"
"ရမှာပါ အစ်ကိုဂျီယုံး"
ဆွန်းရီကြိုးစားလျှောက်နေတာမို့ သူဘေးကနေပဲ ထိန်းပေးနေလိုက်သည်။
သို့သော် တစ်ခါမှအတွေ့အကြုံမရှိဖူးတဲ့သူက စွမ်းအားတွေထုတ်သုံးလိုက်ရတာတွေကြောင့်
အတော်ပင် နွမ်းနေပြီ။"ဆွန်းရီ မင်းအဆင်ပြေရဲ့လား"
"အရမ်းပင်ပန်းနေတယ်... သွေးတွေအကုန်စုတ်ထုတ်ခံထားရသလိုပဲ"
ချွေးစီးချွေးပေါက်တွေနဲ့အတူ ဖြူစုတ်လာတဲ့မျက်နှာကြောင့် ဂျီယုံးလည်း...
"ဆွန်းရီ ကိုယ့်ကျောပေါ်တက်လိုက် မင်းလဲသွားလိမ့်မယ်"
ဆွန်းရီကို ကျောပေါ်တင်ပြီး သူရောဆန်ဟွမ်းရော အလျင်အမြန်ပင်လျှောက်ပြီး တည်းခိုဆောင်ကိုပြန်လာလိုက်သည်။ လမ်းမှာလှည်းတွေဘာတွေနဲ့ကြုံမလား ကြည့်ပေမယ့် တစ်စီးမှပင်မတွေ့။
ESTÁS LEYENDO
ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)
FanficAuthor လေးဦးက တစ်ပိုင်းကို တစ်ယောက် တလှည့်စီ ရေးထားတာမို့ အားပေးကြပါဦးနော် 😘 #Nyongtory #Todae #Bigbang