ပိတုဂူမှ ရတနာသိုက် 💎 Part (17)

32 3 0
                                    

[Zawgyi]
ပိတုဂူမှ ရတနာသိုက် 💎
အပိုင်း (၁၇)

စောမုဂိုဏ်းရဲ့ တုနှိုင်းမဲ့ ဓားသိုင်းပညာရှင် မဟူရာဓားသွား....

ဆန်ဟွန်း တွေးဆထားသလို ဒယ်ဆောင်းက ဝန်ခံလိုက်သည်ကြောင့် မဆီမဆိုင်ပင် သူ့အစား စိတ်ပူပန်သွားရသေးဧ။်။

သတိလစ်နေလေတဲ့ မိစ္ဆာပျိုလက်သစ်တစ်ဦးဖြစ်သူ ဆွန်းရီဆိုတဲ့ကောင်လေးကို ပွေ့ဖက်ထားတဲ့ ဂျီယုံးဧ။်မျက်ဝန်းတစ်စုံက မီးဝင်းဝင်းတောက်ပလျက်ဖြင့်။

အခြေအနေတွေက ရုတ်တရက်တင်းမာခက်ထန်သွားသည့်အတွက် ဆန်ဟွန်းက သူတို့ကြားမှာ မားမားမတ်မတ်ရပ်တန့်လိုက်ရင်း...

" ဂျီယုံး... ငါတို့အခုချိန်မှာ ဘုံရန်သူဖြစ်တဲ့ မြွေမိစ္ဆာကိုပဲ အဓိက အာရုံစိုက်ကြရအောင်... နောက်မှ ကျန်တာဖြေရှင်းကြတာပေါ့..."

မိုးနဂါးဆန်ဟွန်းဧ။် ဖျော့တေ့တေ့လေသံက အရင်နဲ့မတူ ကြားဝင်ဖျန်ဖြေနေမှန်း ဂျီယုံးက ရိပ်စားမိသဖြင့် တောက်တစ်ချက် ကျယ်ကျယ်ခေါက်ကာ...

" အေး မင်းမျက်နှာကို ထောက်ထားပြီး ဒီကိစ္စကို ခဏမေ့ထားလိုက်မယ်..."

ထိုစဉ် ဆွန်းရီက အတွင်းအားဖောက်ပြန်နေသောအခြေအနေမှ သူ့အလိုလိုကောင်းမွန်လာပြီးလျှင် သတိပြန်လည်လာသည်ကြောင့် ဂျီယုံးမှာ ပူပန်မှုတစ်ဝက်၊ ဝမ်းသာမှုတစ်ဝက်ဖြင့်...

" ဆွန်းရီ သက်သာရဲ့လား... ကိုယ့်ကို မှတ်မိသေးရဲ့လား "

အနီရောင်လဲ့နေသော ဆွန်းရီရဲ့ မျက်ဝန်းအရောင်က တဖြည်းဖြည်း မျက်ဆံအနက်သို့ ပြောင်းလဲသွားချေကာ အသိစိတ်ပြန်ဝင်လာသူပမာ။

" အကိုလေးဂျီယုံး ... ကျွန်တော့်ဘာဖြစ်သွားတာလဲဟင်..."

" တော်သေးတာပေါ့ ကိုယ့်ကိုမှတ်မိသေးလို့ပေါ့..."

ဟိုနဂါးကောင်က မကြီးမငယ်နဲ့ ထအော်လေသဖြင့် ဒယ်ဆောင်းနဲ့ ဆန်ဟွန်းပင် ရုတ်တရက်မို့ ထိတ်လန့်သွားရလေသည်။ ကဲသဲပြနေတဲ့ မီးနဂါးကို ဘေးကနေ ရပ်ကြည့်မနေနိုင်တော့ပဲ...

" ဆွန်းရီ မင်းမိဘတွေက ဘယ်သူတွေလဲ မှတ်မိလား..."

ဖြူဖပ်ဖြူရော် မျက်နှာပိုင်ရှင် ဆွန်းရီက သူ့မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေလေပြီးမှ...

ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)Where stories live. Discover now