ပိတုဂူမှ ရတနာသိုက် 💎 Part (9)

31 3 0
                                    

ပိတုဂူမှ ရတနာသိုက် 💎

အပိုင်း (၉)

" လူကြီးမင်း... လူကြီးမင်း..."

ခေါ်နေတဲ့အသံလေးက နားထဲ မကြားတစ်ချက် ကြားတစ်ချက်ဖြင့်။

လောကကြီးနဲ့ ခဏတာအဆက်အသွယ်ပြတ်တာ သိပ်မကြာလိုက်သေးသလိုပင်။

ဆန်ဟွန်း မျက်လုံးကို အားထည့်ကာ အတင်းဖွင့်ကြည့်လိုက်တော့ မိမိကိုအုပ်မိုးထားတဲ့ သူ့မျက်နှာက စိုးရိမ်နေပုံတော့ မပြသပဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ။

ဆန်ဟွန်း အခုမှ မိမိ လဲကျနေသည်ကို သတိထားမိပြီး အတင်းကုန်းရုန်းထလိုက်ရင်း...

" ကိုယ် ဘာမှမဖြစ်ဘူးနော် စိတ်မပူနဲ့ သိလား..."

တဖက်ကတော့ ခန့်မှန်းရခက်နေဆဲ မျက်နှာထားဖြင့်...

" လူကြီးမင်း ပြန်သတိရလာပြီဆိုတော့ ကျွန်တော် အလုပ်ရှိလို့ ခွင့်ပြုပါဦးနော်..."

ပြောရင်း မိမိကိုပင် မစောင့်ပဲ အတင်းထွက်သွားသည်မို့ ဆန်ဟွန်းလည်း လက်တစ်ဖက်ဆန့်တန်းရင်း နှလုံးသားက ဆန့်ငင်ဆန့်ငင်ဖြင့် ကျန်ရစ်ခဲ့လေတော့သည်။

" ကိုယ့်ကိုထားခဲ့ပြီလား..."

အပြင်ဘက်ကို လှမ်းကြည့်မိတော့ မှောင်ရီပြိုးနေပြီမို့ ဖုန်မှုန့်တွေ ကပ်ပေနေသော အဝတ်အစားကို ခါထုတ်လိုက်ပြီး မိမိဧ။် ဂုဏ်သရေတစ်ခုဖြစ်သော ငွေမှင်ရောင်ဆံနွယ်တို့ကို အသာသိမ်းယူကာ ကြည့်ကောင်းအောင် ပြင်ဆင်လိုက်ဧ။်။

" မိုးနဂါး ဆန်ဟွန်းက ဝိုင်အခန်းထဲမှာ ကောင်လေးတစ်ယောက်ကြောင့် သတိလစ်သွားဆိုတာ အပြင်လူတွေသာ သိရင် အရှက်ကွဲရချည့်ရဲ့..."

ပြင်ပြင်ဆင်ဆင်ဖြစ်သွားချိန်ရောက်မှ အခန်းထဲကနေ ထွက်လာကာ မိမိအိပ်ခန်းဆီသို့ ဦးတည်သွားလိုက်သည်။

သိုင်းပညာအစွမ်းမြင့်မားသူမို့ လမ်းလျှောက်ရာ၌ မိမိခြေသံမှာ ဘေးပတ်ဝန်းကျင်က သတိမထားမိနိုင်လောက်အောင် တိုးဖျော့လေဧ။်။

စာကြည့်ခန်းအပြင်ဘက်သို့ ဖြတ်လျှောက်လာမိစဉ် အခန်းအတွင်းရှိ အလင်းရောင်ခပ်မှိန်မှိန်ကြောင့် မိမိမှာ စပ်စုတတ်သူမဟုတ်ပေမယ့် ဟိုနဂါးကောင်များ ရှိနေလေမလားဟု တွေးမိကာ အခန်းတံခါးကို တွန်းဖွင့်လိုက်တော့...

ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)Where stories live. Discover now