ပိတူဂူမှ ရတနာသိုက်
Episode (12)
လက်နှီးစုတ်လေး ကိုင်ကာ ထိုင်ငိုင်နေတဲ့ သူတို့ဂိုဏ်းတူအကိုကြီး ဒယ်ဆောင်းကို ကြည့်ပြီး ဂျူနဲတို့မှာ စိတ်မကောင်းကြပေ။ ဂိုဏ်းတူအကိုကြီးက စောမုမှာဆိုရင် ဒီလိုလက်နှီးစုတ်ကိုင်ပြီး သန့်ရှင်းရေးလုပ်ဖို့ နေနေသာသာ သူ့အ၀တ်အစားတောင် သူ လျှော်စရာမလိုဘူး။ မနက်နိုးလည်း ဓားကိုင်ပြီး သိုင်းကျင့်.. နေ့လည်ခင်းလည်း ဓားကိုင်ပြီး သိုင်းကျင့်.. ညဆိုလည်း ဓားကိုင်ပြီး သိုင်းကျင့်နေတဲ့ သိုင်းသမားတယောက်က အခုတော့ဖြင့် အိမ်သာဆေး ကြမ်းတိုက်ပါ လုပ်နေရပြီ။
မကြည့်ရက်ပါဘူး။ ဂိုဏ်းတူအကိုကြီး ဒယ်ဆောင်းရဲ့ အဖြစ်တွေဟာ ဆူးကြားက ဘူးခါး.. ရှေ့တိုးမရ နောက်လည်းမဆုတ်နိုင်.. ဓားကိုင်တဲ့လက်မှာ လက်နှီးစုတ် ကိုင်နေရတာမို့ ဘယ်လောက် ရင်နာစရာကောင်းလိုက်သလဲ။ ဖြစ်သင့်လား.. ဒါဖြစ်သင့်ရဲ့လား.. အို အသင်လောက.. မတရားလိုက်ပုံများ။
“ ဟေ့ရောင်.. ဂျီဝန်း.. လာကွာ.. အရက်သွားသောက်ရအောင်.. ငါ ဂိုဏ်းတူအကိုကြီး ဒယ်ဆောင်းကို မကြည့်ရက်ဘူး..”
“ အေးလေ.. သွားမယ်.. လာ.. ဆက်ကြည့်နေရင် ငါ ငိုမိလိမ့်မယ်..”
မျက်ရည်စမ်းတမ်းစမ်းတမ်းနဲ့ နှာတရှုံ့ရှုံ့လုပ်နေတဲ့ ဂျီဝန်းကို နည်းနည်းတော့များသွားပြီ ဆိုတဲ့ အကြည့်နဲ့ကြည့်လာပြီး သူတို့ ပုန်းနေတဲ့ သစ်ပင်ပေါ်ကနေ ခုန်ချသွားတော့တယ်။ အခုရက်ပိုင်း အပြာကောင့်ကိုချောင်းရ.. အနီကောင့်ကိုချောင်းရနဲ့ သူတို့လည်း လူလား ရှဥ့်တွေလား မသဲကွဲတော့တဲ့အထိ သစ်ပင်ပေါ်မှာချည်းပဲ။
နှစ်ယောက်သား ပုန်းလျှိုးကွယ်လျှိုးနဲ့ တည်းခိုခန်းဝင်းနံရံကို ကျော်တက်နေတုန်း သူတို့အနားကနေ သစ်ရွက်လေးတရွက်က မျောလွှင့်သွားတာကို သတိထားလိုက်မိတယ်။ ပုံမှန်လူသာဆိုရင် အဲ့သစ်ရွက်က လေနဲ့ လွှင့်လာတဲ့ ရိုးရိုးသစ်ရွက်လို့ မြင်မှာဖြစ်ပေမယ့် ကျင့်ကြံထားတဲ့ အတွင်းအားတွေကြောင့် အာရုံငါးပါးက လေတိုးတာကအစ ခံစားမိနေတာမို့ သစ်ရွက်ထဲက ဂါထာမန်းမှုတ်ထားတဲ့ မန္တန်လှိုင်းကိုလည်း ခံစားသိရှိနေကြတာ။
YOU ARE READING
ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)
FanfictionAuthor လေးဦးက တစ်ပိုင်းကို တစ်ယောက် တလှည့်စီ ရေးထားတာမို့ အားပေးကြပါဦးနော် 😘 #Nyongtory #Todae #Bigbang