ပိတုဂူမှ ရတနာသိုက် 💎 Part (4)

32 2 0
                                    

ပိတုဂူမှ ရတနာသိုက်

Ep 4

တည်းခိုဆောင် အပေါ်ထပ်သို့ မကြာခဏ အကဲခတ်နေရင်း.. ဒယ်ဆောင်းမှာ စားပွဲခုံ သုတ်နေရတာကိုပင် စိတ်မရှည်ချင်တော့။

ဒီကောင်တွေနောက်ကို လိုက်လာကတည်းက သူ့ဘ၀က ကောင်းကောင်းမအိပ်ရ.. ကောင်းကောင်းမစားရနဲ့။

နေစမ်းပါဦး.. ငါက ဘယ်လိုဖြစ်လို့ ဒီလိုအလုပ်တွေ လာလုပ်နေရတာတုန်း..

စိတ်ပေါက်ပေါက်နဲ့ လက်ထဲက အ၀တ်စုတ်ကို စားပွဲခုံပေါ် ပစ်တင်လိုက်မိတော့တယ်။

ဖြစ်ပုံအကြောင်း နောက်ကြောင်းလှန်ရရင်.. သူ့ဆရာရဲ့ လက်ချက်ပေါ့။ ဘယ်ရောက်လို့ ရောက်နေမှန်း မသိရတဲ့ သိုင်းကျမ်းဆိုတဲ့ဟာကြီးကို အတင်းအဓမ္မ လိုချင်လှပါချည်ရဲ့ ဆိုပြီး တပူပူ တဂျီဂျီ လုပ်နေတာက တကြောင်း။ ငါ့မှာတော့ ပညာတွေသင်ပေးလိုက်ရတာ.. မင်းကတော့ ဒါလေးတောင် သွားမရှာပေးနိုင်ဘူးလားဆိုပြီး စကားနာထိုးနေတာက တကြောင်းကြောင့်.. သူ့မှာ ဒီရန်ကင်းဂိုဏ်းကောင်တွေ နောက်ကို လိုက်လာရတာ။

လိုက်သာလိုက်ရတယ်.. ဒီရန်ကင်းဂိုဏ်းသားတွေလည်း စမ်းတ၀ါးဝါးပါ။

သိုင်းကျင့်တဲ့ဂူထဲက ထွက်လာတဲ့ဟာကို နတ်ပြည်ကနေ နတ်သက်ကြွေလာသလိုမျိုး.. အတင်းတွေ ချေမိုးပြနေတဲ့ မီးလက်ဝါးနဲ့ မိုးလက်ဝါးဆိုလား.. အဲ့ အနီကောင်နဲ့ အပြာ ကောင်တွေက သူ့အတွက်တော့ အကုသိုလ်ဂြိုလ်ဆိုးကောင်တွေပဲ။ ဒင်းတို့သာ ဖင်ယား ပြီး အဲ့သိုင်းကျမ်းဆိုတာကြီးသာ ထွက်မရှာကြရင် သူလည်း လိုက်နေစရာမလိုဘူးလေ။

အခုတော့..သူ့မှာ ပုန်းလိုက် လျှိုးလိုက်နဲ့ အခုလည်း စားပွဲထိုးဝင်လုပ်နေရတယ်။ ဒင်းတို့ ရဲ့ ဂုဏ်သတင်းတွေကသာ လက်ဝါးညီနောင် ဘာဖြစ်တယ် ညာဖြစ်တယ်ပြောနေကြတာ။ သူ လိုက်ကြည့်နေတဲ့တလျှောက်လုံး..တလမ်းလုံး ရန်ဖြစ်ရင်ဖြစ် မဖြစ်ရင် ဂျိုထိုး နေတာချည်း။ မသိရင် မယားလုဘက်တွေ ကျနေတာပဲ။

ဒီကောင်တွေ သွားနေတဲ့လမ်းကြောင်းအရ ဒီမြို့ထဲ ၀င်ရမှာကို ရိပ်မိတာနဲ့ မြို့ထဲလာတဲ့ လမ်းတလျှောက်မှာ သူ့ဂိုဏ်းသားတွေကို နေရာချထားပြီး တမင်သက်သက် ဒီတည်းခိုဆောင်ကို ညွှန်ပြခိုင်းလိုက်တာ ဖြစ်တယ်။

ပိတုဂူမှ ရတနာသိုက် (Zawgyi+Unicode)Donde viven las historias. Descúbrelo ahora