အခန်း (၁) စီးဆင်းနေသော မြစ်

755 42 4
                                    

"ရှေ့ဆက်ရမယ့် ဘဝအတွက် ငါဘယ်လိုလုပ်သင့်သလဲ?"
တခြားကျောင်းသားများကဲ့သို့ပင်  ဂျူဟိုတွင်လည်း ဖြတ်သန်းရမည့် ဘဝအတွက် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။ အလယ်တန်းကျောင်းသားဘဝဆိုသည်မှာလည်း ဘဝတလျှောက်လုံးတွင် မုန်တိုင်းအထန်ဆုံးအချိန် ဖြစ်သည် မဟုတ်လား? စာသင်ခန်းမှ ပညာရေးအဆင့်ဆိုသည်မှာလည်း သူ့အတွက် ဦးစားပေး မဟုတ်နေသလို.. တချိန်တည်းမှာပင် ဘဝအတွက် တစ်ခုခုလုပ်ဖို့ရန် ဘာဖြစ်ချင်ပါတယ်ဆိုသည့် အိပ်မက်မျိုးတွေလည်း မရှိနေခဲ့။ ဒီအတိုင်း အိပ်မက်တွေ ရည်မှန်းချက်တွေ မရှိသည့် သာမာန်ကျောင်းသားလေးတစ်ယောက် ဖြစ်နေခဲ့သည်။ သို့သော်လည်း ဘဝအတွက် တစ်ခုခုကိုတော့ လုပ်ချင်နေခဲ့သည်။

'ရှင်သန်ဖို့အတွက် ငါဘာလုပ်ရမလဲ?'
'နောင်ငါအသက်ကြီးလာတဲ့အချိန်.. ကလေးတစ်ယောက်ရဲ့အဖေ ပြီးတော့ အဖိုးကြီး ဖြစ်သွားတဲ့ခါကျရင်ကော ငါ့ကိုယ်ငါဂရုစိုက်နိုင်ပါ့ဦးမလား?'
ဂျူဟိုက မျှော်လင့်ချက်မရှိနေဟု တွေးနေခဲ့သည်။ အကယ်၍ အနာဂတ်နှင့် အတိတ်သည် ပစ္စုန်ပ္ပန်တွင် စတင်ပါက အဖြေမှာရှင်းလင်းနေပြီ ဖြစ်သည်။ အနာဂတ်အတွက် တွေးကြောက်နေသောကြောင့် အိပ်မပျော်ရခြင်းက ထိုအဖြေကို သက်သေပြလျက်ရှိသည်။

သူတို့အတန်းထဲက စာအတော်ဆုံးကျောင်းသားက အခုနှစ်အတန်းစာမေးပွဲတွင် အမြင့်ဆုံးအမှတ်ကို ရရှိခဲ့ပြန်သည်။ ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားသည့် သူပုန်လေးက လျို့ဝှက်စွာနှင့် အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်နေခဲ့သည်။ အလုပ်အကိုင်ရှိသည့် လူတိုင်းက အများအမြင်တွင် ကြည့်ကောင်းကြသည်မဟုတ်လား။

ညတိုင်း အိပ်ရာမဝင်ခင် နေမထွက်စေရန် ဂျူဟိုဆုတောင်းသည်။ အိပ်ရာထလာသည်နှင့် ဤပျင်းရိစရာကမ္ဘာကြီးက မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို သူတွေးသည်။ ဘဝကို သိရှိနားလည်ခြင်းက ဝေဝါးသည့် နေ့ရက်များစွာကို ထပ်တလဲလဲဖြစ်စေသည်။ သူကတော့ သက်ပြင်းသာ ချနေရတော့သည်။

တနေ့ဤကဲ့သို့ငြီးငွေ့ဖွယ်ရာကောင်းသည့် နေ့စဉ်နေ့ရက်များမှ လွတ်မြောက်ရန် လမ်းစတစ်ခု ပေါ်လာခဲ့သည်။
"ဂျူဟိုရေ.... သတင်းထူးကြီးပဲ!"

The Great Storyteller (Unicode)Where stories live. Discover now