နေကြတ်ချိန် EP1

8K 294 1
                                    

ကျွန်မနာမည် လင်းလွန်းနေ

ကျွန်မမိဘတွေက အိမ်ထောင်ကွဲတွေပါ
ကိုယ်စီနောက်အိမ်ထောင်ပြုထားကြတယ်
အဖွားရှိစဉ်ကတော့ အဖွားကကျွန်မကိုပြုစုပျိုးထောင်ပေးခဲ့တယ်
ခုအဖွားမရှိတော့
ကျွန်မဘဝကို ကျွန်မကိုယ်တိုင်ရှေ့ဆက်နေတယ်

ကျွန်မဝါသနာအသက်မွေးပညာက
ဓာတ်ပုံရိုက်ခြင်းပါပဲ

အလုပ်ပိတ်ရက်များတွင် လင်းလွန်း တစ်ယောက်
သူငယ်ချင်းအိမ် ဂစ်တာသွားတီးလေ့ရှိသည်
ဒီနေ့ပိတ်ရက်မို့ ဂစ်တာတီးပြီးအပြန် ကျောက်ကုန်း ဘောက်ထော်ဘက်ခြမ်းက လမ်းလေးတစ်ခုတွင် ဂစ်တာလေးကိုင်ရင်းလမ်းလျှောက်နေစဉ်

''ဟာ ကားလမ်းမအလည်မှာ ကလေးလေး
တစ်ယောက်ပါလား ပိစိလေးပဲရှိသေးတယ်
ကလေးလေးတစ်ယောက်ပဲ မိဘတွေလဲမပါဘူး"

ထိုစဉ် အရှိန်မလျော့ပဲမောင်းလာသော ကားတစ်စီး
ကလေးလေးကို တိုက်တော့မည့်အချိန်

''ဗျင်းးးးး''

''ဟာ ကလေးလေး ''
လွန်း တစ်ယောက်ပြေးရပြီလေ
လွန်း ကလေးလေးကို
ကားရှေ့ကနေ ပြေးပြီး ဖမ်းဆွဲလာလိုက်သည်

''ကျွီ ''
ကားကတော့ ရပ်တောင်မရပ် မောင်းပြေးသွားသည်

''တော်သေးပေါ့ကလေးရယ်
အဖမ်းမြန်ပေလို့ပေါ့
သားသား မေမေရော''

ကလေးလေးက စကားမပြောတတ်သေးဘူး
ထင်သည်

''သား သား အမလေးလေး သားလေး''

မျက်ရည်များနှင့်ပြေးထွက်လာသည့်အမျိုးသမီး
တစ်ဦး ကလေးလေးရဲ့ အမေဟုထင်ရသည်
မျက်ရည်များကိုသုတ်ရင်း

''ကျေးဇူးတင်လိုက်တာ ညီမလေးရယ်''

''ရပါတယ်အစ်မ ဖမ်းမိလိုက်လို့ တော်သေးတယ်''

''ညီမလေးကျေးဇူးအများကြီးတင်ပါတယ်
သားလေးကညီမကယ်တဲ့အသက်ပဲရှိတော့တယ်''

''ရပါတယ် အစ်မရယ် ကလေးကိုတော့ လွှတ်မထား
နဲ့နော် ဘောက်ထော်ကသိတဲ့အတိုင်း ကားတွေက
တဗျင်းဗျင်းနဲ့လေ
ခုကြည့် မောင်းပြေးတာ တာဝန်မဲ့လိုက်တာ''

နေကြတ်ချိန်  Nơi câu chuyện tồn tại. Hãy khám phá bây giờ