အေးချမ်းလှတဲ့ တောင်တန်းတွေရဲ့တစ်နေရာတွင်'ဆရာမလေး ဆရာမလေး မွေးလူနာတစ်ယောက်
ရှိလို့ လာခေါ်တာပါ'လွန်းအချိန်ကိုကြည့်လိုက်တော့ ည ၁၀ ကျော်နေပါပြီ ညဘက်လူနာရှိလို့ လာခေါ်တိုင်းသော်တာမနိုးပဲ လွန်းသာနိုးတတ်သည်
'ကလေး ကလေး'
လွန်းလက်မောင်းပေါ်အိပ်ပျော်နေတဲ့
အိပ်ပုပ်မလေးကိုလှုပ်နှိုးရင်း'မွေးလူနာတဲ့ ထထ ကိုလိုက်ပို့မယ်'
လွန်းရဲ့တတွတ်တွတ်အော်သံကြောင့်နိုးလာပါပြီ'ကလေးနိုးပါပြီ ကိုရယ်
တစ်နေကုန်ပင်ပန်းထားတာ
ချက်ချင်းထရင် ခေါင်းကိုက်မှာစိုးလို့ ထပြီ'''အဲ့တာဆိုလာ ကိုဆေးအိတ်သယ်ခဲ့မယ်
အနွေးထည်သွားဝတ်ခဲ့'သော်တာအနွေးထည်ဝတ်ပြီး ထွက်လာတော့ လွန်းက
'လာလာ သွားမယ် ကလေး'သော်တာတို့အမြန်လိုက်သွားပြီးမွေးလူနာကိုမွေးပေး လိုက်သည် သော်တာမွေးခန်းထဲက ထွက်လာတော့
'ကလေး ဘာလေးလဲ'
'ကိုကို ရှင်ဟာလေ မသိရင်
ရှင့်မိန်းမကလေးမွေးတယ် ထင်နေဦးမယ်'
(သဝန်တိုနေတာ)'မဟုတ်ပါဘူးကလေးရဲ့
ကိုကလေးချစ်တတ်တာသိရက်နဲ့နော်
ကို့ကလေးလေးလက်နဲ့မွေးပေးတာဆိုတော့
သိချင်တာပါ''သမီးလေးမွေးတယ်
ရှင်က ပိုကိုပိုလွန်းတယ်
ကလေးဆိုတာနဲ့ လမ်းမှတွေ့တဲ့ကလေးလဲ
မနေရဘူး လိုက်ချစ်နေတာပဲ'လွန်းကိုသဝန်တိုနေတဲ့ကလေးလေးကို ချော့ဖို့
ဖတ်မည်အလုပ်'နေဦး ကလေးမွေးထားပေးတာ
ရေချိုးဦးမယ်ပြီးမှရှင်နဲ့ရန်ဆက်ဖြစ်မယ်''ဟင်းး ကိုရေနွေးတည်ပေးမယ်'
အအေးကြောက်သောသော်တာတစ်ယောက် ရေနွေးနဲ့ရေချိုးသော်လည်း ရာသီဥတုမှာ
အလွန်အေးတာမို့ အဝတ်အစားဝတ်ပြီး
စောင်ပုံထဲသို့ တန်းပြေးတော့သည်'ကလေးရော့ ရေနွေးပူပူလေးသောက်လိုက်ဦး'
စောင်ပုံထဲ ခေါင်းလေးထွက်လာပြီ
'ကို မှုတ်ပြီးတိုက် ချမ်းလွန်းလို့လက်တောင်
မထုတ်ချင်တော့ဘူး'

YOU ARE READING
နေကြတ်ချိန်
Romanceကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆုံနိုင်တဲ့ အချိန်လေးတော့ရှိတယ် အဲ့တာက နေကြတ်ချိန် လေ ကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆ...