EP5

2.5K 201 0
                                    

'မလွန်းရေ မလွန်း '

လွန်း မေလေးနဲ့ လိုအပ်တဲ့ရိုက်ကူးရေး ပစ္စည်းများထည့်နေရင်း အေးအေးအသံကြား
တာမို့ပြေးထွက်လာခဲ့သည်
လွန်းထင်သလိုပါပဲ သူလိုက်လာတာပါ
သူ့မျက်နှာလေးမြင်တော့လဲ ပျော်လိုက်ရတာ
လွန်းလေ ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ငပေါလေးကိုဖြစ်လို့

'မမက မလွန်းကိုသတိရတယ်ဆိုလို့ လိုက်ပို့ပေးတာ'

သော်တာတစ်ယောက်စကားမပြောသေး

'အေးလုပ်စရာရှိတာပြန်လုပ်လေ မလွန်းပြီးမှ လိုက်
ပို့ပေးလိုက်မယ်နော်'

'ဟုတ် အဲ့တာဆို အေးပြန်တော့မယ်နော် '

လွန်းwheelchair ကိုတွန်းပြီးအိမ်ထဲဝင်ခဲ့သည်
အိမ်ထဲရောက်တော့ လွန်းပြင်ထားတဲ့အထုတ်အပိုး
တွေမြင်မှ သော်တာအသံထွက်လာသည်

'ရှင်က ခရီးသွားမလို့လား အထုတ်ပိုးတွေပြင်ထားတာ'

'အင်း ကိုရိုက်ကူးရေးရှိလို့ပြင်ဦးလွင်သွားရမှာ'

သော်တာ မျက်ရည်ကျရင်း
'ရှင်က ကလေးမလာရင် ဘာမှမပြောပဲ
ဒီတိုင်းသွားတော့မှာမှတ်လား
အရမ်းရက်စက်တာပဲ'

'မဟုတ်ရပါဘူးကလေးရယ်'

'ဘာမဟုတ်ပါဘူးလဲ ဟုတ်နေတာကို'

သော်တာ့ ငိုသံကြောင့် workshop ထဲမှ
မေလေးထွက်လာသည် မေလေးသော်တာ့ကို
တွေ့တော့ မျက်နှာပျက်သွားသည်

မေလေးထွက်လာတာတွေ့တော့ သော်တာလဲ ကြောင်ကြည့်နေသည်

ကလေးလေးတစ်ယောက်မေလေးနဲ့အထင်လွဲသွားနိုင်တာမို့

'မေလေး ဒါငါပြောတဲ့ ငါ့ကလေးလေ'

ငါ့ကလေးတဲ့လားလွန်းရယ်
မေလေးရင်ထဲပြောမပြတတ်အောင် ဝမ်းနည်းနေရ
တာမို့ ဒီနေရာမှာဆက်နေလို့ မဖြစ်တော့ပါ

'သြော်အင်း တွေ့ရတာဝမ်းသာပါတယ်နော်သော်တာ'

'ကလေး ဒါကကိုပြောပြဖူးတဲ့ ကို့သူငယ်ချင်း မေလေးနွယ်လေ'

'ဟုတ် တွေ့ရတာဝမ်းသာပါတယ် မမ'

မေလေး သော်တာ့ကိုရီပြရင်း
'လွန်း အားလုံးလဲပြီးနေပြီ ငါပြန်တော့မယ်နော်
ငါလဲ လိုတာတွေထည့်ရဦးမယ် ငါမနှောက်ယှက်
တော့ဘူး'

နေကြတ်ချိန်  Where stories live. Discover now