ခွဲစိတ်ခန်းရှေ့ထိုင်ခုံလေးတွင် ထိုင်နေသော သော်တာတစ်ယောက် ဘာလုပ်ရမှန်းမသိ လွန်းဘာမှမဖြစ်စေဖို့ဆုတောင်းနေရင်းပင် မျက်ရည်များကတားဆီးမရအောင်တသွင်သွင် ပင်စီးကျနေသည်
သော်တာ ဖိနပ်မပါတဲ့ခြေဗလာလေးကိုမျက်ရည်စက်များ
ကြားထဲမှကြည့်ရင်းကိုကြောင့် ကလေးလမ်းလျှောက်နိုင်ပြီလေ
ကိုနဲ့တူတူဘဝခရီးဆက်ကြမယ်
ဘာမှမဖြစ်ပါနဲ့ ကိုရယ်ဦးမိုး သော်တာငိုနေတာမြင်နေရတော့
'သမီး လွန်းက ကြံ့ခိုင်ပါတယ်
ဘာမှမဖြစ်နိုင်ဘူးနော် စိတ်အေးအေးထား''ဖေဖေ သမီးနဲ့လွန်းက ချစ်သူတွေပါ'
'ဖေဖေသိတယ်သမီး'
'ဖေဖေသိနေတာလား
ဖေဖေသမီးလေ သူ့ကိုအရမ်းချစ်တယ်
မေမေ့တုန်းကလို အဆုံးရှုံးမခံနိုင်ဘူး
ဒီတစ်ကြိမ်ပါ သမီးချစ်ရတဲ့သူကို ဆုံးရှုံးရရင်
သမီးရူးသွားလိမ့်မယ်ထင်တယ်'ဦးမိုးတစ်ခုထပ်သိလိုက်ရပါပြီ အဲ့တာကတော့
လွန်းက သမီးလေးကိုအသက်လောက်ချစ်သလို
သမီးလေးက လွန်းမရှိရင်မဖြစ်တော့ဘူးဆိုတာပါ
'ဖေဖေတောင်းပန်ပါတယ်သမီးရယ်
ဖေဖေ သမီးတို့အကြောင်းကိုသိတော့
လွန်းကိုသမီးဘေးကထွက်သွားဖို့ပြောမိတယ်''ရှင် ဖေဖေက ကို့ကိုလား
ကိုက ဘာပြန်ပြောလဲဟင်
သမီးနားကထွက်သွားမယ်တဲ့လား''သမီးကိုပျော်စေချင်တယ်တဲ့
သူ့ကိုအချိန်ပေးဖို့ပြောတယ်''အဲ့တာကြောင့် နေ့တိုင်းသမီးအနားကမခွာတာကို
သူထွက်သွားဖို့လုပ်ခဲ့တာထင်တယ်''အခု ဖေဖေသဘောတူပါပြီ
သမီးလွန်းသာ ပြန်သတိရလာမယ်ဆို
ဖေဖေသမီးတို့ကိုသဘောတူပါတယ်
လွန်းက သမီးလေးကိုကယ်တာ နှစ်ခါတောင်ရှိပြီ
သမီးယွန်းက သမီးကိုဘယ်လောက်ထိချစ်လဲဆိုတာ
ဖေဖေသိပါပြီ''နှစ်ခါဆိုတာ '
'ပထမတစ်ကြိမ်တုန်းက သမီးနဲ့သမီးမေမေတို့
car accident ဖြစ်တဲ့နေ့ကပါ
အဲ့တုန်းက ကားမှန်းကိုခွဲပြီး သမီးလေးကို
ကယ်ထုတ်သွားတာ လွန်းပဲသမီး '

VOCÊ ESTÁ LENDO
နေကြတ်ချိန်
Romanceကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆုံနိုင်တဲ့ အချိန်လေးတော့ရှိတယ် အဲ့တာက နေကြတ်ချိန် လေ ကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆ...