နေကြတ်ချိန် EP3

2.4K 202 0
                                    

'သော်တာ'

'ရှင်'

လွန်း နူးညံ့လွန်းတဲ့ချစ်သူလက်လေးကို
ဖွဖွကလေးကိုင်ရင်း
'ဒါဆို တို့တွေ ချစ်သူတွေဖြစ်သွားပြီပေါ့နော်'

'အင်းပေါ့ လွန်းကလဲ သော်တာ့ကိုချစ်တယ်
သော်တာကလဲ လွန်းကိုချစ်တယ်လေ'

'ပျော်လိုက်တာကွာ ရှက်လဲရှက်တယ်
သော်တာက လွန်းရဲ့အချစ်ဦးပဲသိလား
လွန်း အဲ့လိုမချစ်ဖူးဘူး'

သော်တာ့ရဲ့ ပထမအချစ်မဖြစ်ခဲ့လို့ စိတ်မကောင်းပါ
ဘူးရှင်ရယ် ဒါပေမဲ့ရှင့်ကိုတော့ သော်တာအရမ်း
ချစ်တာပါ

'လွန်းကို စတွေ့တဲ့နေ့ကလေ'

နားထောင်ချင်နေတဲ့ လွန်းတစ်ယောက်ပြုံးပြရင်း
'အင်းပြောပြပါဦး
အဲ့တာဘယ်နေ့လောက်ကလဲ
လွန်းသိချင်လွန်းလို့ သေတော့မယ်'

'အဲ့နေ့ကလေ လွန်းက လမ်းမပေါ်ကကလေးလေးကို
ကားတိုက်မလိုဖြစ်တော့ ပြေးဖမ်းတာလေ
လွန်းကိုသော်တာမြင်လိုက်တဲ့အချိန်
သော်တာ့ရင်ထဲ နွေးခနဲဖြစ်သွားတယ်'

'အင်း လွန်းကလေးလေးကို ဖမ်းလိုက်တဲ့နေ့
လွန်းမှတ်မိတယ် လမ်းမမှာဘယ်သူမှမရှိတာ
သော်တာကဘယ်လိုမြင်လဲ'

'အဲ့နေ့က သော်တာ ခြံထဲကစောဆင်းတာ
ခြံထဲကနေမြင်လိုက်တာ'

'အဲ့နေ့ထဲက ဒီကရှင့်ကိုချစ်တာ
လွန်းအိမ်ပြန်တတ်တဲ့ ညနေဘက်အချိန်ဆိုလဲ
ခြံထဲဆင်းပြီး ချောင်းကြည့်ရတာ အမြဲပဲ'

'wow အဲ့လောက်တောင်လား
ဒီကောင်မလေးကို ချစ်လိုက်တာ'

'လွန်းကရော ဘာလို့ ဒီလိုwheelchairပေါ်က
ကောင်မလေးကိုချစ်ရတာလဲ'

'သိချင်တယ်ပေါ့'

သော်တာခေါင်းလေးငြိမ့်ရင်း
'အင်း'

လွန်း သော်တာ့ကိုကောက်ချီလိုက်ပြီး
လွန်းရဲ့အလုပ်ခန်းလေးထဲခေါ်သွားလိုက်တယ်
အခန်းထဲရောက်တော့ လွန်းခုံလေးပေါ်ပေးထိုင်
လိုက်ပြီး

'ဘာလို့ချစ်လဲတော့မသိဘူး
ဒီပုံလေးကိုတော့ မကြည့်ရရင်တော့ ညဘက်
အိပ်မပျော်တော့ဘူး'

နေကြတ်ချိန်  Where stories live. Discover now