လွန်းခန္ဓာကိုယ်ဆက်ခနဲလှုပ်သွားလို့လန့်နိုးလာသည် လွန်း ကလေးပေါင်ပေါ်မှာအိပ်ပျော်သွားတာကို
သတိရသွားသည် ချက်ချင်းထလိုက်ပြီးချစ်ဖို့ကောင်းတဲ့ ကောင်မလေး အိပ်ပျော်နေတာပဲ
လွန်းထလိုက်တာကြောင့် နိုးသွားတယ်ထင်သည်
သော်တာမျက်လုံးလေးပွင့်လာသည်'ရှင်ကနိုးနေတာလား ခေါင်းကိုက်တာရော
ဘယ်လိုနေသေးလဲသက်သာလား''ဘယ်ချိန်ထိနှိပ်ပေးနေတာလဲ
ကိုအိပ်ပျော်သွားတယ်''အိပ်ပျော်သွားတဲ့ထိပဲ
နှိပ်ပေးတာပါ ပင်ပန်းနေလို့ထင်တယ်
ရှင် ခနလေးနဲ့အိပ်ပျော်သွားတာ''အဲ့တော့ မနှိုးပဲ ကလေးကပါဒီတိုင်းထိုင်ပြီး
အိပ်နေတာပေါ့ အဲ့လိုလား''အင်း အိပ်ပျော်နေတာ ချစ်လို့ မနှိုးရက်လို့'
'result ကြည်တဲ့နေ့ကျရင် ကလေးဆေးရုံမလိုက်နဲ့
နော် ကိုနဲ့ဖေဖေနဲ့သွားလိုက်မယ်''ဟုတ် ရှင်ကပြန်မအိပ်တော့ဘူးလား'
လွန်းဆေးသောက်အိပ်တာမို့ ခေါင်းကြည်သွားပြီး
လန်းနေသည်
'အိပ်တော့ဘူးခေါင်းကြည်သွားပြီ''အဲ့တာဆို ရှင့်အကြောင်းပြောပြတော့လေ
ဆေးလဲစစ်ပြီးပြီကို''ကလေးက မအိပ်ချင်ဘူးလား'
'အိပ်ဘူးပြောပြ'
'အင်း အဲ့တာဆိုပြောပြမယ်'
လွန်း သော်တာ့ဘေးနားထိုင်ပြီးသော်တာ့ညောင်း
နေပြီမို့ ပေါင်ပေါ်မှာအိပ်စေလိုက်သည်'လာညောင်းနေမာ ကို့ပေါင်ပေါ်မှာအိပ်ပြီးနားထောင်'
လွန်းသော်တာ့ခြေထောက်ကိုစောင်ခြုံပေးပြီး
'အမှန်က မနက်ဖြန် ကို့မွေးနေ့ ''ဟာကွာ တွေ့လား
မွေးနေ့ကိုတောင်မပြေဘူး''အခုသိပြီပဲ ကလေးဘေးနားရှိနေတာ
ဘာမှမလိုပါဘူး''ပြောပြ အခု တစ်ခုမကျန်ပြောပြ'
'အစကဆို ကို့ဖေဖေနဲ့မေမေကပေါ့
ကို့မိဘတွေက လူကြီးတွေပေးစားခဲ့ကြတာ
တစ်ယောက်နဲ့တစ်ယောက်ချစ်လဲမချစ်ကြဘူး
ကို့ကို မွေးပြီးရင် သူတို့နှစ်ယောက်လုံးက
နှစ်ဖက်မိဘတွေကို သူတို့တာဝန်ကျေပြီဆိုပြီး
ကို ၁ နှစ်သားလောက်မှာ လမ်းခွဲခဲ့ကြတယ်
ူပြီးတော့နောက်အိမ်ထောင်ကိုယ်စီပြုလိုက်ကြတယ်
မေမေ့ဘက်ကဖွားဖွားကပဲ ကို့ကိုထိန်းကျောင်းပေး
ခဲ့တာ ဖွားဖွားက ကိုဆယ်တန်းနှစ်မှာလူကြီးရောဂါနဲ့
ဆုံးသွားခဲ့တယ် အဲ့နောက်ပိုင်း ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်ပြီး အလုပ်လုပ်တယ်ကျောင်းဆက် တက်တယ်'

YOU ARE READING
နေကြတ်ချိန်
Romanceကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆုံနိုင်တဲ့ အချိန်လေးတော့ရှိတယ် အဲ့တာက နေကြတ်ချိန် လေ ကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆ...