Ep7

2.2K 194 0
                                    

'ကဲ ရောက်ပါပြီ ကို့ကလေးလေး'

' ရောက်ရင်လာချပေးဦးလေ ကိုရဲ့'

'ဘယ်လိုဘယ်လို ကို တဲ့လား
Wow ကို့ကို ကိုလို့ခေါ်လိုက်တာ'

လွန်း သော်တာ့ပါလေးဆွဲရင်း
'ချစ်ဖို့ကောင်းလိုက်တာ
ဘယ်လို့အဲ့လိုခေါ်လိုက်တာလဲ'

'ရှင်ပဲ ရှင့်ကိုရှင် ကို ကို နဲ့ပြောနေပြီးတော့
ဒီကခေါ်ချင်သွားတာပေါ့'

'ရှင်လို့ခေါ်နဲ့တော့ အဲ့ ကို လို့ပဲခေါ်နော်'

'အင်းပါ လာချီတော့'

'အင်း အင်း လာပြီ လာပြီ'
လွန်းတစ်ယောက် ကလေးလေးလိုပျော်နေတာ

ကားပေါ်ကအမြန်ဆင်းwheelchair လေးထုတ်ပြီး
ကလေးလေးကိုအမြန်ချီကာ ခုံမှာတင်ပေးလိုက်သည်
လှည်းလေးတွန်းရင်း

'ကဲ အထဲသွားကြမယ်နော်'

လွန်းတို့ studio ထဲဝင်လိုက်တော့
မေလေးကအံ့သြပြီးကြည့်နေပြီး

'သော်တာ လာလည်တာလား
wow ထူးခြားလိုက်တာ
လွန်းရဲ့ ဆုရမော်ဒယ်လေးလာတာပဲ'

လွန်းနားလည်လိုက်ပြီ လွန်းဓာတ်ပုံပြိုင်ပွဲ result
ထွက်ပြီထင်သည်
'ဆုကြေညာပြီလား မေလေး'

'အင်း ရှင်ဆုရတယ်လွန်း first ပဲ'

လွန်းကိုယ်တိုင်လဲ ပထမဆုကိုမျှော်လင့်ထားတာမို့
ပျော်ရွှင်နေသည်
'ပျော်လိုက်တာ ကလေးကိုခေါ်လာမှ
တိုက်ဆိုင်လိုက်တာနော်'

လွန်းတို့အောင်ပွဲခံရမည်မို့
'ကဲ တို့တွေဘာစားကြမလဲ'

သော်တာက
'pizza စားမယ်လေ ကို
မမေလေးရော pizza ကြိုက်လား '

'ကြိုက်တာပေါ့ လွန်း pizza မှာလိုက်တော့ဟေ့'

မေလေးချစ်ရတဲ့သူကို 'ကို' လို့ခေါ်လိုက်တာမို့
ရင်ထဲမကောင်းပေမဲ့ လွန်းပျော်ရွှင်နေတာမြင်
နေရသည်မို့ မေလေးကျေနပ်ပါသည်

'လွန်း ခနနေ အပျော်တမ်းအဖွဲ့တွေ
လာလိမ့်မယ်နော် ရှင့်နာမည်နဲ့တိုက်ရိုက်လာတာ
မေလေးရိုက်ပေးလို့မရဘူးနော်'

'ဟုတ်ကဲ့ပါ'

လွန်းတစ်ယောက်ဘာတွေလုပ်တယ်ဆိုတာကို
သော်တာကိုရှင်းပြနေရင်း ဧည့်သည်များရောက်
လာသည်

နေကြတ်ချိန်  Where stories live. Discover now