လွန်းရဲ့ အနမ်းတို့ကြမ်းတမ်းလာသည်မို့ သော်တာ့
ရင်ခုန်သံတွေအမြင့်ဆိုးရောက်လာပြီး အသက်ရှူ
ပင်မဝတော့သော်တာ့လည်တိုင်တွင်ရှိနေတဲ့ လွန်းရဲ့ညာလက်ကို
သော်တာဆွဲယူလိုက်ပြီး တဖြေးဖြေးအထက်မှ
အောက်သို့ဆွဲချလိုက်ရာ လွန်းလက်ကလေး သော်တာ့ရင်ဘတ်နားသို့ရောက်လာသည် လွန်းညာ
ဘက်လက်လေးက သော်တာ့ရင်သားလေးကို
ဆုတ်ကိုင်မိလျက်သားဖြစ်သွားသည် ထိကိုင်လိုက်
တဲ့အချိန် သော်တာ့တစ်ကိုယ်လုံး ကြက်သီးများ
ဖြန်းခ နဲထသွားသည်လွန်းကအလိုက်သင့် ကျန်ဘယ်ဘက်လက်တစ်ဖက်
မှ သော်တာ့ခါးလေးကို ဆွဲသိမ်းလိုက်တာကြောင့်
သော်တာ့အနမ်းပေးနေရာမှ ခါးမတ်သွားပြီး
လွန်းမျက်နှာနှင့် သော်တာ့လည်တိုင်တို့ ထပ်တူကျ
သွားသည်လွန်းအသင့်ရောက်လာတဲ့ ရွှေလည်တိုင်လေးကို
ဖမ်းယူပြီး နှုတ်ခမ်းလေးနဲ့ဖွဖွလေးနမ်းလိုက်ပြီး
လက်မှာလည်းအငြိမ်မနေတော့ပေသော်တာတစ်ယောက် လွန်းရဲ့အထိအတွေ့မှာ လွင့်
မြောနေရင်းနဲ့ ဆေးရုံဆိုသောအသိတစ်ချက်ဝင်လာ
သည်သော်တာအသံသေးသေးလေးဖြင့်
'ကို တော်ကြရအောင်လေ ဆေးရုံကြီးမှာ'လွန်းအသိစိတ်တို့ပြန်လည်ရောက်ရှိလာပြီး
'Sorryကလေးရယ် ကိုကလေးကို တန်ဖိုးမထားတာ
မဟုတ်ပါဘူး ကို ကိုအဲ့လိုမရည်ရွယ်ဘူး
တောင်းပန်ပါတယ်နော်'လွန်းပြောမှ သော်တာတစ်ယောက်မျက်နှာများရဲလာ
သည်'ကလေးက အဲ့လိုပြောတာ မဟုတ်ပါဘူးဆေးရုံမှာ တစ်ယောက်ယောက်လာရင်မကောင်းဘူးလေ ကလေးလဲ ကို့အနမ်းတွေကိုလိုချင်ပါတယ်'
သော်တာခေါင်းလေးငုံ့သွားသည်လွန်းပြုံးရင်း
'ရှက်နေတာလား ချစ်ဖို့ကောင်းလိုက်တာ'ဒီလိုနဲ့ပဲလွန်းတို့ ချစ်ခရီးဆက်လာခဲ့ကြရင်း
လွန်းက ဖွားဖွားရဲ့company မှာဝင်လုပ်
ကလေးကပန်ကြားလွှာတင်ပြီး ဆေးကျောင်းပြန်
တက်ဖြစ်သည် လူကြီးတွေသဘောတူပြီးပြီမို့
လွန်းနဲ့သော်တာ တစ်အိုးတစ်အိမ်ထူထောင်ခဲ့ကြ
သည်

VOCÊ ESTÁ LENDO
နေကြတ်ချိန်
Romanceကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆုံနိုင်တဲ့ အချိန်လေးတော့ရှိတယ် အဲ့တာက နေကြတ်ချိန် လေ ကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆ...