ညရောက်ပြီမို့ လွန်း work room ထဲဝင်လိုက်ပြီး
ပုံမှန်အတိုင်း လုပ်ငန်းစလုပ်တယ်လွန်းရဲ့ Photo studio ကိုအိမ်နဲ့မဝေးရအောင် ရန်ကင်း မှာပဲဖွင့်ထားတာပါ
အမြန်လိုတဲ့ ဓာတ်ပုံတွေကိုတော့ဆိုင်မှာပဲထုတ်ပေး လိုက်ပြီး
တစ်နေ့တာအတွင်း ရိုက်ကူးထားတဲ့အလှဓာတ်ပုံတွေ
ကိုတော့ အိမ်ရောက်မှ အေးဆေး photoshop လုပ်
ပြီး ထုတ်လေ့ရှိတယ်လင်းလွန်း photo တွေထုတ်နေရင်း ပုံလေးတစ်ပုံ သေချာကြည့်နေမိတယ် ဒီပုံလေးနဲ့ပြိုင်ပွဲဝင်လိုက်ရင်
လွန်း ဆုတစ်ဆုတော့ရမှာ အသေချာပင်ဓာတ်ပုံလေးထဲမှာပါတဲ့ ပန်းပွင့်လေးတွေကြားထဲက မိန်းကလေးကြောင့် လွန်း ရင်ခုန်မိတာအမှန်ပါ
သူမရဲ့မျက်ဝန်းလေးက လွန်းကိုခနခနကြည့်ရအောင်
ဖမ်းစားလွန်းသည်
ဘာလို့လဲတော့မသိ လွန်းမခံစားဖူးခံစားချက်မျိုး
ခံစားရသည်မနက်လင်းပြီမို့ လွန်းပြင်ဆင်ပြီး ဦးမိုးတို့ company အတွက် လုပ်ငန်းကိစ္စဆွေးနွေးရအောင်
ထွက်ခဲ့လိုက်တယ်
လွန်းအတွက်တော့ Camera တစ်လုံးကိုင်ထားရရင်
ဘဝက ငြိမ်းချမ်းနေပါပြီ''ဆရာ ဓာတ်ပုံဆရာမလေးလာပါပြီ''
''အေး လွှတ်လိုက်လေ''
လွန်းအထဲဝင်လာလိုက်တော့ ဦးမိုးက
''သမီးလွန်း လာထိုင်''''ဟုတ်ကဲ့''
လွန်းဝင်ထိုင်လိုက်တော့''ဦးက သမီးကိုမျှော်နေတာ
လုပ်ငန်းကိစ္စလေးပြောရအောင်သမီး''''ဟုတ်ကဲ့''
''ဦးကစားသောက်ကုန်ဆိုတော့
မော်ဒယ်တွေနဲ့ ရိုက်တာထက်
ကုန်ပစ္စည်းသီးသန့် ရိုက်ချင်တယ်သမီး''''ဟုတ် ရပါတယ် ဦးတို့ company က
ဘယ်စားသောက်ကုန်ဆိုတာပဲ ပြောပေးပါ
လွန်းက Idea လှလှလေးတွေဖန်တီးပြီး
ဦးကိုအရင်ပုံဖော်ပြပါ့မယ်''''အင်း အဲ့တာဆိုအဆင်ပြေတယ်နော်
ရော့ ဒီစာရွက်က Photo ရိုက်ချင်တဲ့ကုန်ပစ္စည်းစာရင်း
သမီးလိုတဲ့ ကုန်ပစ္စည်းနမူနာလဲ
လိုသလောက်ယူလို့ရတယ်နော်''''ဟုတ်ကဲ့ လွန်း Idea အရင်ယူလိုက်ဦးမယ်ဦး
ပစ္စည်းက.........''
လွန်းပစ္စည်းစာရင်းစာရွက်ကိုဖတ်လိုက်ပြီး
''၈မျိုးလောက်ဆိုတော့ အချိန်တစ်ပတ်လောက်
ပေးပါနော် လွန်းက setting အတွက်ပါတစ်ခါထဲ
စဉ်းရမှာမို့ပါ အစောပြီးသွားခဲ့ရင်လဲ ဦးကို လာပြ
ပါ့မယ် ''
![](https://img.wattpad.com/cover/241541681-288-k503098.jpg)
ESTÁS LEYENDO
နေကြတ်ချိန်
Romanceကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆုံနိုင်တဲ့ အချိန်လေးတော့ရှိတယ် အဲ့တာက နေကြတ်ချိန် လေ ကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆ...