၈နှစ်ကြာသောအခါ.........
လေယာဉ်ပေါ်ကနေ ကောင်လေးတစ်ယောက် သူ့ရဲ့ ခရီးဆောင်အိတ်လေးကိုဆွဲပြီး ဆင်းလာလေသည်။မျက်နှာပေါ်ထိုးလာတဲ့ အလင်းတွေကိုကြည့်ပြီး မျက်နှာမှာ အပြုံးလေးတွေဝေဆာလို့။
အိမ်ပြန်မလာတာ ၄နှစ်တောင်ရှိသွားပြီကိုး။အခုမှ ကိုယ့်နိုင်ငံရဲ့ လေကိုပြန်ရှူရတော့တယ်။"သား သုတ"
"ဟာ! မေမေ"
လေဆိပ်မှာလာကြိုတဲ့ မေမေကို မြင်ပြီး မျက်ရည်ဝဲမတတ် ပျော်မိသည်။ဒီလိုနဲ့ မေမေ့စီပြေးပြီးတင်းကြပ်စွာဖက်လိုက်သည်။
"အမယ်လေးသားရယ် သတိရလိုက်တာ"
"သားက မေ့မေ့ကို ပိုသတိရတာပေါ့ မေမေနေကောင်းတယ်မလား အဆင်ရောပြေရဲ့လားဟင်"
"အမယ်လေးသားရယ် ဖြည်းဖြည်းမေးပါကွယ် အမေနေလည်းကောင်းတယ် အဆင်လည်း ပြေတယ် လင်းမြတ်ရဲ့မေမေက လာလည်လိုက် မေမေကလာလည်လိုက်ပေါ့"
"ဒါနဲ့ ကိုလင်းမြတ်ရော ဘာတွေလုပ်နေလဲ"
"ကုမ္ပဏီထောင်ပြီး ဆိုင်ခွဲတွေတောင်ရှိနေပြီသားရဲ့ သိရဲ့လား"
"ဟင်!ဟုတ်လား ကောင်းတာပေါ့မေမေရဲ့"
"ဒါပေါ့ လာပါအိမ်မှာ အေးဆေးစကားသွားပြန်ပြောကြမယ်"
လွန်းသုတတစ်ယောက် ကျေနပ်စွာ ခေါင်းကိုညှိမ့်လိုက်သည်။မေမေရဲ့ ကားပေါ်တက်ပြီး အိမ်ပြန်လမ်း အရှည်ကြီးကို ပြန်ခဲ့ပြီ။
ကျွန်တော် UKမှာ ကျောင်းသွားတက်နိုင်အောင်
မေမေက ပိုက်ဆံတွေ စုပြီးအရောက် ပို့ခဲ့တယ်။တကယ် မေမေက ကျွန်တော့်အတွက်Heroပါဘဲ။ကျောင်းတက်နေရင်းနဲ့ ကိုယ့်ဟာကိုယ် အချိန်ပိုက်းအလုပ်တွေလုပ်ပြီး မုန့်ဖိုးတွေ စုတာတောင် အများကြီးရနေပြီ။ကျွန်တော် UKမှာ ကျောင်းသွားတက်တော့ ပထမက သူငယ်ချင်းတွေမရှိလို့ ခက်ခဲခဲ့ပေမယ့်
နောက်တော့ မြန်မာအင်္ဂလိပ် ကပ်ပြား"ဒေစီ" ဆိုတဲ့ ကောင်မလေးနဲ့သူငယ်ချင်းဖြစ်ခဲ့တာပေါ့။
ဒါတွေက နောက်ကျရင်သိလာမှာပါ။နောက်မှ ရုတ်တစ်ရက် မျက်နှာသစ်ဆေး ကြော်ငြာဆိုင်းဘုတ်ကြီးက မင်းသားမျက်နှာကိုတွေ့ပြီး ဝမ်းသာမိသည်။ရနတစ်ယောက် အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပြီလို့ သတင်းတွေကြားရတယ်။စိတ်တော့မရှိနဲ့ ကျွန်တော် သူနဲ့လမ်းခွဲလိုက်ပါပြီ။သူနဲ့လမ်းခွဲလိုက်တာ တော်တော်ကြာပါပြီ။