(11)

3 0 0
                                    

သုတတစ်ယောက် Toiletထဲ ကို ပြေးဝင်လာလိုက်သည်။မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်မေးနေမိသည်။ငါဘာလို့ လာခဲ့မိတာလဲ။အိမ်ဘဲ ပြန်ရတော့မယ်ထင်တယ် အခြေအနေဟန်မှာမဟုတ်ဘူး။ကျွန်တော် ရနကို ရှောင်နေတဲ့ အချက်ကတစ်ချက်ဘဲ ရှိပါတယ်။ကျွန်တော်သူ့ကို ချစ်တယ် လွမ်းတယ် သူ့ကိုအကြာကြီးကြည့်နေချင်မိတယ် ဒါပေမယ့် ကျွန်တော်သူ့ကို အနှောင့်အယှက်မပေးချင်ဘူး။အိမ်ပြန်မှဖြစ်မယ်။

"ဒါဆို မင်းက သုတကို ကြိုက်နေတာ အဲ့လိုလား
စိုင်းနောင်"

ရနစီက ဒီလိုမေးခွန်းလာလို့ စိုင်းနောင်တစ်ယောက် နားမလည်သလိုကြည့်လိုက်သည်။

"ဒါပေါ့ ငါပြောတာ ရှင်းရှင်းလေးပါကွာ မင်းအဲ့လောက်မတုံးပါဘူး ဘာလဲ ငါသုတကို ကြိုက်လို့
ထူးဆန်းတယ်ပြောမလို့လား သုတက တကယ်ကို ချစ်ဖို့ကောင်းတဲ့ကောင်လေးပါ"

သုတဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာ
ငါမင်းထက်အရင်သိတာပါ စိုင်းနောင်ရာ။ဒါပေမယ့် ငါ့မှာမင်းအတွက် ပြောစရာစကားမရှိအောင်ဖြစ်သွားတယ်။

ကျွန်တော်စိုင်းနောင်ကို ပြုံးပြပြီး Toiletကို ထွက်လာလိုက်သည်။ထိုအချိန်အပေါင်ဝမှာဘဲ
သုတဆိုတဲ့ကောင်လေးက ကျွန်တော့်ကို ဝင်တိုက်တော့တာဘဲ။

ဝင်တိုက်မိလို့ အပေါ်မော့ကြည့်တဲ့ မျက်လုံးနဲ့ သုတကို ငုံ့ပြီးကြည့်ရတဲ့ ကျွန်တော်တို့ တွေ့ကြပြီပေါ့။

"ကျွန်တော်..တောင်းပန်....."

သုတတစ်ယောက် ကျွန်တော့်ကို သေချာမကြည့်ဘဲ တောင်းပန်တယ်ပြောပြီး နောက်မှ ပြန်ရုတ်သိမ်းလိုက်သည်။

What!လာဆုံပြန်ပြီ မရဘူး ဆုံလို့မဖြစ်ဘူး။

သုတတစ်ယောက် ထွက်ပြေးမယ်အလုပ်မှာ ရနက သူ့လက်ကို ဆွဲလိုက်တော့ ကြောင်သွားလေသည်။ရနဘက်ကိုလှည့်လိုက်တော့ ရနရဲ့ရုပ်က အရင် ကျွန်တော့်ကို အနိုင်ကျင့်တုန်းက
ရုပ်လို မာကြောနေသည်။ကိုင်ထားတဲ့လက်တွေက အရမ်းကို တင်းကျပ်လွန်းသည်။

"မင်းဘာလို့ ငါ့ကိုရှောင်နေတာလဲ"

လွန်းသုတဘက်က ဘာမှပြန်မဖြေဘဲ ကြည့်နေမိသည်။

"ဘာလို့လဲ ဘာလို့ရှောင်နေတာလဲ ငါမေးနေတယ်လေ ဘာလဲ မဖြေဘူးပေါ့ ငါစိတ်ရှိလက်ရှိလုပ်မိမယ်နော် ငါမေးတာဖြေ"

လွန်းသုတရဲ့ မျက်လုံးမှာ မျက်ရည်တွေ ဆို့လာသည်။ပါးစပ်က ငိုဖို့ ရွယ်နေပြီ။

"မင်းကို မုန်းလို့"

သုတတစ်ယောက်ဒီစကားကို ပြောလိုက်တဲ့ အချိန်မှာဘဲ တစ်ခါထဲ ငိုလိုက်လေသည်။

"ဘာ!"

"မင်းကို မုန်းတယ် ငါ့ကိုလွှတ်"

ရနရဲ့ မျက်နှာက ဒေါသထွက်နေတာကို သတိထားမိသည်။ရနတစ်ယောက်ဒေါသထွက်ရင် တကယ်ကိုကြောက်ဖို့ကောင်းတာ သုတ အသိဆုံးဖြစ်သည်။

"မလွှတ်ဘူး မင်းငါ့ကို ဘာလို့မုန်းတယ်မပြောမချင်း လုံးဝမလွှတ်ဘူး"

ထိုအချိန် Paparaziတစ်ယောက် ပြေးလာတာကိုတွေ့တော့ ရန ကျွန်တော့်လက်ကို လွှတ်လိုက်လေသည်။ထို Paparaziလက်ကမြန်ချက် ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ပြီးသွားလေပြီ။

ကျွန်တော် ရနစီကနေ မြန်နိုင်သလောက် အမြန်ထွက်လာလိုက်သည်။အိမ်ပြန်မှဖြစ်မယ်။

သုတ မင်းဒီPaparaziကြောင့်သာလွှတ်သွားတယ်မှတ်လိုက်။မင်းဘာလို့ ငါ့ကိုမုန်းတယ်ပြောနေရတာလဲ။မင်းငါ့ကို မမုန်းဘူးဆိုတာ ငါသိတယ်သုတ မင်းငါ့ကို ညာလို့မရဘူး။

လွန်းသုတ တစ်ယောက် Taxi စီးပြန်အိမ်ပြန်လမ်းကို တစ်ယောက်ထဲပြန်လာတာပေါ့။ကျနေတဲ့ မျက်ရည်တွေကိုလဲ ပါလာတဲ့ လက်ကိုင်ပုဝါနဲ့ သုတ်နေရသည်။၇နာရီတောင် ထိုးနေပြီဘဲ။

ထိုအချိန် ကိုစိုင်းနောင်ကို သတိရမိသွားသည်။
သူငါ့ကို စောင့်နေမှာဘဲကိုစိုင်းနောင်စီဖုန်းဆက်ရမယ်။

"ဟယ်လို"

"ဟယ်လိုသုတ ဘယ်တွေပျောက်နေတာလဲ ကိုယ်လိုက်ရှာနေတယ် ဘယ်နားမှာလဲ အခု"

"အမ်....အကို စိုင်းနောင် ကျွန်တော် အိမ်ပြန်လာနေပြီ"

"ဘယ်လို?"

"တောင်းပန်ပါတယ် အိမ်မှာပြဿနာရှိလို့ မြန်မြန်ပြန်ထွက်လာလိုက်တာ အကို့ကို မပြောမိတဲ့အတွက်တောင်းပန်ပါတယ်"

"သုတရယ် ဘာဘဲ ဖြစ်ဖြစ် အကို့ကိုပြောပေါ့ ကိုယ်ပြန်ပို့ပေးမှာပေါ့ ထားလိုက်ပါ ဂရုစိုက်ပြန်နော်သုတ နောက်တစ်ရက်ရက်မှ အေးဆေးတွေ့ကြတာပေါ့"

"ဟုတ်ကဲ့"

ကိုစိုင်းနောင်ရဲ့ ဖုန်းကို ချအပြီးမှာ ခေါင်းကို ကားရဲ့ မှန်ဘေးမှာ မှီပြီး ခုနကအကြောင်းကို
တွေးနေမိသည်။ဘယ်လောက်တောင်ရူးမိုက်လိုက်လဲ။

************************************

Thanks for reading💞

I Think He Know! Season(2)Where stories live. Discover now