(2)

11 0 0
                                    

နောက်နေ့မနက်ရောက်တော့ လွန်းသုတ တစ်ယောက် စောစောထလာပြီး ပြင်စရာရှိတာတွေ အကုန်ပြင်လေသည်။ဒီနေ့က သူ့အတွက်တွေ့စရာလူတွေ  ရှိနေလို့ဖြစ်သည်။ရေမိုးချိုးပြီး
အောက်ထပ်ဆင်းလာတာ ထူးထူးဆန်းဆန်း
ယောင်္ကျားတစ်ယောက်ရဲ့ အသံကိုကြားတော့
မြန်မြန်ဆင်းလာပြီးကြည့်တာ ကိုလင်းမြတ်ဖြစ်လေသည်။

"ဟာ!ကိုလင်းမြတ်"

ကိုလင်းမြတ်ကမေမေနဲ့ ပြောရာကနေထပြီး ကျွန်တော့်ကို လက်နှစ်ဖက်နဲ့ လှမ်းခေါ်သည်။မေမေကတော့ရှောက်သွားတာပေါ့။ကျွန်တော် ကိုလင်းမြတ်စီပြေးပြီး ဖက်လိုက်သည်။
ကိုလင်းမြတ်ကလည်း ကျွန်တော့်ကို တင်းတင်းလေးပြန်ဖက်သည်။ဒါပေမယ့် ကျွန်တော့်ခေါင်းက ကိုလင်းမြတ်ရဲ့ ရင်ဘတ်နားမှာဘဲ ရှိနေသည်။

"သုတ မင်း ထမင်းရောစားရဲ့လား အကောင်ကသေးသေးလေးရယ် အရင်ကထက် နည်းနည်းလေးဘဲ ရှည်လာတာလား"

"စားပါတယ်ဗျ မတက်လာတော့လဲ အရပ်က အဓိကမဟုတ်ပါဘူးဗျ အကို့ကိုမေးစရာအများကြီးရှိတယ်"

လွန်းသုတတစ်ယောက် လင်းမြတ်လက်ကိုဆွဲပြီး ခြံထဲ ထွက်လာလိုက်သည်။

"ဟုတ်ကဲ့ မေးတော်မူပါခမျ"

"အကိုအလုပ်တွေရှိနေပြီဆို မေမေပြောတယ်"

"ဒါပေါ့"

ကိုလင်းမြတ်ကတော့ အရင်ကထက်ပိုပြီးတော့
ရုပ်ခန့်လာလေသည်။သူ့ဘေးနား ကျောင်းတုန်းကလို ဝိုင်းဝိုင်းလည်နေမှာသေချာတယ်။

"အကို့အလုပ်တွေက ဘယ်လိုပြောမလဲ Storeဆိုင်ခွဲတွေ ဖွင့်ပေးတာတို့ဘာတို့ပေါ့"

"Wow မိုက်လိုက်တာ"

"ဒီက နိုင်ငံခြားက ဘွဲ့ရလာတဲ့ကောင်လေးကရော ဘာလုပ်မှာလဲ ပြောပါဦး"

"အွန်းးးးး လောလောဆယ်တော့ ဆရာဝန်ဘက်လေ့လာကြည့်ရမယ်"

"အော် ကောင်းသားဘဲ သုတ"

"ဒါပေါ့ဒါပေါ့"

ထွန်းလင်းမြတ်တစ်ယောက် သုတကို ကြည့်နေမိသည်။ဒီကောင်လေးတစ်ယောက် နဂိုဖြူနေတဲ့အသားထက်ပိုပြီးအသားအရေတွေဖြူလာပြီး ရုပ်လေးကတော့ အရင်ကအတိုင်း ကလေးတစ်ယောက်ပေါ့။အရွယ်ရောက်လာလို့ ရုပ်နည်းနည်းမှမရင့်တဲ့အပြင် လှပြီးပိုချစ်စရာကောင်းလာလိုက်တာ။မင်းယောင်္ကျားလေးရော ဟုတ်ရဲ့လားသုတ။မင်းကို ဘယ်မိန်းကလေးမှကြိုက်မှာမဟုတ်ဘူး ဘယ်မိန်းကလေးမှလဲ မင်းနဲ့ယှဉ်ပြီး မလှနိုင်ဘူး။

I Think He Know! Season(2)Where stories live. Discover now