လွန်းသုတတစ်ယောက် မနေ့က အကြောင်းတွေကို ပြန်မတွေးချင်ပေမယ့် ပြန်တွေးနေမိတယ်။တကယ်ပါဘဲ တကယ်ကို ရူးရူးမိုက်မိုက်လုပ်မိတာပါလား။
မနေ့က ရိုက်ထားတဲ့ Cameraထဲက Videoကို
Youtubeမှာ တင်ဖို့ Editလုပ်ရတော့တာပေါ့။
Camera စဖွင့်ကတည်းက ရိုက်ထားခဲ့တဲ့ ဟာတွေကြည့်ပြီး ပြုံးနေမိသည်။နောက်ဆုံး ရိုက်ခဲ့တဲ့နေရာက ရနကိုတွေ့တဲ့ နေရာပေါ့။ရနကိုတွေ့တော့ ကျွန်တော်Cameraကိုင်ပြီး အကြာကြီးရပ်နေမိခဲ့တာ။အခုလဲ ကျွန်တော် သူ့ကိုကြည့်နေမိပြီ။အရင်က ထက်အများကြီး
ချောလာပြီး တော်တော်ကြည့်ကောင်းနေတာပါလား။ကျွန်တော်နောက်မှ အတွေးပြန်ဝင်ပြီး Editနေမှန်းသိသည်။ကျွန်တော် သူ့ကို Videoထဲ ထည့်လို့မဖြစ်ဘူး ကျွန်တော်သူ့Clipကို မဖျက်ချင်ပေမယ့်ဖျက်ရမယ်။ကျွန်တော် တစ်ခုခုကို ကြည့်ပြီး
တွယ်ကပ်နေရတာကို တကယ်မကြိုက်တာပါ။နောက်ဆုံးတော့ရနရဲ့ Clipကို Deleteလုပ်လိုက်နိုင်ပြီ။လူတွေက အရမ်းအစွဲအလမ်းကြီးကြတာဘဲ။
Videoကို ၂နာရီလောက် Editပြီး Youtubeပေါ်တင်လိုက်ပါပြီ။ကျွန်တော့်ရဲ့ Followerလဲ များလာသလို ကြည့်ရှုသူတွေလဲ တော်တော်များလာတယ်။ဒါအောင်မြင်မှုတစ်ခုပါဘဲလား။
Videoတင်ပြီး နားမယ် အလုပ်မှာ ကျွန်တော့်စီဖုန်းတစ်လုံးဝင်လာလေသည်။မသိတဲ့ ဖုန်းနံပါတ်ပါလား။ဘယ်သူလဲ မသိဘူး။
"ဟယ်လို လွန်းသုတ ပြောနေပါတယ်"
"အာ....သုတ"
Wait ဒီအသံကိုကြားဖူးနေသလိုဘဲ။
"အမ်..ဟုတ်ပါတယ် ဘယ်သူလဲ မသိဘူး"
"ငါပါ မင်းရန"
ကျွန်တော် ရနလို့ ကြားကတည်း ကဖုန်းချဖို့ အမြန်လုပ်တာပေါ့။
"ဟေး ခန ခန ဖုန်းမချနဲ့ တောင်းပန်ပါတယ် ဖုန်းမချပါနဲ့ကွာ"
ကျွန်တော်လဲ ဘာတစ်ခွန်းမှမပြောဘဲဖုန်းကိုသာ ကိုင်ထားမိသည်။
"သုတ ငါတောင်းပန်ပါတယ် မနေ့က ဖြစ်ခဲ့တဲ့ အတွက်ရော အရင်က ဖြစ်ခဲ့တဲ့....."