(13)

15 1 0
                                    

လွန်းသုတ တစ်ယောက်ဒီရက်ပိုင်း အိမ်အပြင်မထွက်ဖြစ်ပါဘူး။ရနနဲ့ ကိစ္စဖြစ်သွားကတည်းကတော်တော် Social Mediaပေါ် ပြန့်သွားလေသည်။တစ်ချို့ကတော့ ကျွန်တော်ကို အဲ့ပုံကကောင်လေးပါလို့ ထောက်ပြပြီး တစ်ချို့က ကျွန်တော်မဟုတ်ကြောင်းပြန်ငြင်းနေကြလေသည်။
တကယ် သူတို့ဘာသာသူတို့ ဖြစ်ပျက်နေကြလေသည်။ဒီကြားထဲက ဒီကောင်လေးချစ်စရာလေး ရနနဲ့သာဆို တော်တော် လိုက်မယ်ဆိုတာကပါ တွေ့လိုက်သေးတယ် တကယ်ပါဘဲ။

အခုတလော ထူးဆန်းနေတာ ဟို ဂျူးဂျူးမနဲ့ ဒေစီမ ကျွန်တော့်ကို ဖုန်းတောင်မဆက်ဘူး။ခါတိုင်းဆို အခြေအနေတွေ မေးပြီး အခုကျပျောက်နေကြတယ်။ကျွန်တော်လဲ အိမ်ထဲနေရတာ ပျင်းလာပြီဆိုတော့ တစ်ခုခုသွားဝယ်သောက်အုံးမှ။

"မေမေ သား အပြင်သွားလိုက်ဦးမယ်နော်"

"ဘယ်လဲသား?"

"Bubble Tea သွားဝယ်သောက်မလို့ မြို့ထဲမှာ
အပြင်မထွက်တာလဲ ၅ရက်လောက်ရှိပြီဆိုတော့ ပျင်းတယ်"

"ဟုတ်ပါပြီ သွားပါ ကားသေချာမောင်းနော်"

"ဟုတ်ကဲ့ပါ မေမေရဲ့"

ကျွန်တော်လဲ ကားကောင်းပြီး ထွက်ခဲ့တော့တာဘဲ။ဒီ အိမ်မှာနေတဲ့ ၅ရက်အတွင်း ကျွန်တော် အိမ်ထဲမှာဘဲ Vlogရိုက်ရတာပေါ့။ကျွန်တော်
Q&Aတွေဖြေတယ် ကျွန်တော်သိထားတဲ့ အတွေ့အကြုံတွေပြောပြတယ် တကယ်ပါဒီလိုလဲ အဆင်ပြေတာပါဘဲ။Youtubeမှာ ကျွန်တော့်ရဲ့
Followersတွေ တော်တောများများရလာပါပြီ။
289Kလောက်ပေါ့ ကျွန်တော်က Vlogရိုက်တာ Eနဲ့ဘဲပြောတယ်ဆိုတော့နိုင်ငံခြားကလူတွေ အလွယ်တကူ ကြည့်လို့ရတာပေါ့။

ကဲရောက်ပြီ!!ကျွန်တော် ဆိုင်ထဲ ခြေလှမ်းဘဲ လှမ်းရသေးတယ် ဟိုနှစ်ယောက်ကို တွေ့တော့ ပြန်ထုတ်လိုက်ပြီး အမြန်ပုန်းလိုက်သည်။သူတို့တွေ့လို့မဖြစ်ဘူး။

ဒါနဲ့သူတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။ကျွန်တော် သေချာကြည့်တော့ နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရှက်ပြုံးပြုံးပြီး လက်တွေကိုင်ထားကြတယ်။

Wait!!လက်တွေကိုင်ထားကြတယ် OMGGG!!။လက်စသက်တော့ သူတို့က Dateနေကြတာကိုး ဒါကြောင့်ငါ့ကို မခေါ်ကြတာ။ကျွန်တော်လဲ သွားမနှောင့်ယှက်ချင်ဘူး
တော်ကြာ Perfect Date မဖြစ်ဘဲ ကျွန်တော့်ကြောင့်ပျက်ကုန်ဦးမယ်။

သူတို့နှစ်ယောက်လုံး ကျွန်တော်မမေးချင်းဖြေမှာတော့မဟုတ်ဘူး ဓာတ်ပုံတော့ ရိုက်သွားလိုက်မယ်။ကျွန်တော် ဓာတ်ပုံကို အမြန် ရိုက်ပြီးဒီဆိုင်ကနေ ပြေးထွက်လာလိုက်သည်။

ဟူးးး ဘဝကလဲ အတွဲချောင်းနေရသလိုပါဘဲလား။ငါဒီဆိုင်ကြိုက်ပါတယ်ဆိုမှဘဲ တစ်ခြား
ဘယ်ဆိုင်သွားရမလဲ မသိတော့ဘူး။

ရနတစ်ယောက် ရုံးခန်းထဲမှာ ဇာတ်ညွှန်းအသစ်နဲ့ အလုပ်ရှုပ်နေတော့တာပေါ့။နောက်တသ်လ လောက်ဆို ရုပ်ရှင်အသစ် စရိုက်ပြီ ကျွန်တော့်အတွက် အရမ်းစိတ်ဖိဆီးတယ်။

စိုင်းနောင်တစ်ယောက် ရနရှေ့လာပြီး ထိုင်လိုက်သည်။ပြီးရင် ဖုန်းကို ထုတ်ပြီး တစ်ယောက်ယောက်စီဆက်နေတာကို ရနတွေ့တော့ အရမ်းသိချင်လို့မေးလိုက်သည်။

"ဘယ်သူ့ကို ခေါ်နေတာလဲ စိုင်းနောင်"

"သုတ!"

သုတလို့လဲ ကြားရော ရနတစ်ယောက် ကြောင်သွားလေသည်။

"ဘာလုပ်မလို့လဲ?"

"ဘာမှမလုပ်ပါဘူး ဒီအချိန်က ငါ့ Break timeလေ ငါသူနဲ့ တစ်ခုခုသွားစားမလို့
ဒါနဲ့မင်းက ဘာလို့မေးတာလဲ"

"ဘာရယ်မဟုတ်ပါဘူး မေးကြည့်တာပါဘဲ"

"ဟော ကိုင်ပြီ ဟယ်လို သုတ"

စိုင်းနောင်က Speakerတောင်ဖွင့်လိုက်သည်။

"ဟုတ် ကိုစိုင်းနောင်"

"သုတအခုဘယ်မှာလဲ"

"အမ်....အပြင်မှာကိုစိုင်းနောင် အခုကားမောင်းနေတာ"

"ကိုယ်တို့တစ်ခုခုသွားစားကြမလား အားတယ်မလား"

"အားတာပေါ့ ဘယ်မှာစားမလဲ ပြောလိုက်လေ ကျွန်တော်စောင့်နေမယ်"

စိုင်းနောင်ကလဲ မြို့ထဲ တစ်နေရာကဆိုင်ကိုပြောပြလိုက်သည်။သုတက ဘာလဲ စိုင်းနောင်မေးတာကို ဘာမှတောင်မစဉ်းစားဘဲချက်ချင်းဖြေတယ်။

"ခနနေတွေ့မယ်နော် သုတ"

"ဟုတ်ကဲ့"

"ဒါဘဲ ငါ့ကောင်ရေ ငါသွားလိုက်ဦးမယ်"

"အေ သွား"

ရနတစ်ယောက် ဘာမှ မလုပ်နိုင်ပါ။ငါ့မှာတိုင်းပိုင်ခွင့်လဲ မရှိဘူး။ငါသဝန်တိုတယ်သိလား သုတ။မင်းဘယ်သူနဲ့ ရှိနေနေ ငါမင်းနားမရှိနေတဲ့ အတွက် ငါသဝန်တိုတယ်။ငါမင်းကို ပြန်ပိုင်ဆိုင်မှရတော့မယ်။အချိန်ဘဲ လိုတာပါ သုတ ငါ့ကို စောင့်နေပေးပါ တစ်နေ့တော့ ငါမင်းစီပြန်လာပါ့မယ်။

************************************

Thanks For Reading💖

You've reached the end of published parts.

⏰ Last updated: Oct 26, 2020 ⏰

Add this story to your Library to get notified about new parts!

I Think He Know! Season(2)Where stories live. Discover now