(3)

6 0 0
                                    

"ကိုယ်မင်းကို တကယ်ချစ်တာပါ စန္ဒာ"

"ရှင်ကျွန်မကို တကယ်မချစ်ပါဘူး"

"ကိုယ်မင်းကို တကယ်ချစ်တာပါကွာ ယုံပါ"

"အာ့ဆိုသက်သေပြလေ"

"ဘာ ဘာကိုပြရမှာလဲ"

""ကတ်""

"မင်းသား ဘာဖြစ်နေတာလဲ စကားပြောတာ အဲ့လိုတွေဖြစ်ဖြစ်နေတာ အခုနဲ့ဆို ၇ခါမြောက်ပြီ"

"တောင်းပန်ပါတယ်"

"အာ့ဆိုလဲ Shooting ကို ခန Breakထား
မယ်"

ရနတစ်ယောက် နားနေရာကို ပြန်လာပြီး
သက်ပြင်းချလိုက်သည်။

"မင်းဘာဖြစ်နေတာလဲ ရန ဒီရက်ပိုင်းမင်းတော်တော် စိတ်လှုပ်ရှားနေသလိုဘဲ ဘာကိစ္စတွေရှိနေလို့လဲ"

"ငါဘာမှမဖြစ်ဘူး စိုင်းနောင်"

စိုင်းနောင်ဆိုတာ ရနနဲ့ မန်နေဂျာပေါ့။မန်နေဂျာဆိုပေမယ့် အသက်ကရွယ်တူမို့လို့ သူငယ်ချင်းလိုဘဲပြောကြဆိုကြလေ့ရှိတယ်။ရုပ်ကတော့ တကယ်ကို ခန့်ပြီး လူကြီးလူကောင်းဆန်သည်။ခန္ဓာကိုယ်ကတော့ Gymကစားလို့တကယ့်ကို ကြည့်ကောင်းလွန်းသည်။

"မင်းသေချာလို့လား  မင်းနဲ့ငါအလုပ်တွဲလုပ်လာတာ ၃နှစ်ကျော်ရှိပြီ မင်းအကြောင်းငါသိတယ်"

"တကယ် ငါဘာမှမဖြစ်ဘူး စိတ်နည်းနည်းရှုပ်နေတာ တစ်ခုဘဲ"

"အေး အာ့ဆိုလဲ သေချာလုပ် ဒီကားက တော်တော်ပေါက်မယ့်ဇာတ်ကား အာ့ကြောင့်သေချာကြိုးစား"

"အေးပါကွာ"

"ငါအလုပ်ရှိလို့ ပြန်လိုက်ဦးမယ် သေချာလုပ်ကြားလား"

"အေးသွားပါကွာ"

စိုင်းနောင်တစ်ယောက် ပြောပြီးထွက်သွားလေသည်။ကျွန်တော်ကတော့ အာရုံတွေကို ပြန်စုစည်းနေရသည်။

"ဟေ့ ရနအခုတလော စိတ်မကြည်သလိုဘဲ"

"အွန်ဟုတ်တယ် စုသင်းမွန်"

စုသင်းဆိုတာ ကျွန်တော်နဲ့ အခုရိုက်နေတဲ့ ရုပ်ရှင်မှာ အဓိက မင်းသမီးပေါ့။သူလည်းအောင်မြင်နေတဲ့ မင်းသမီးတစ်လတ်ဘဲ။ပရိတ်သတ်တွေကြား အလှနတ်သမီးဆိုပြီး နာမည်ကြီးတာပေါ့။

I Think He Know! Season(2)Where stories live. Discover now