ဒီနေ့က ကိုစိုင်းနောင်နဲ့ ရုပ်ရှင်ပွဲကို တက်ရမယ့်နေ့ပေါ့။ကျွန်တော် ဘာဝတ်ရမယ်မှန်း မသိလို့ ဂျူးဂျူးကို ပြောထားတယ်။ဂျူးဂျူးကို ကျွန်တော် ဘယ်သူနဲ့ သွားမယ်ဆိုတာ မပြောထားသလို သူလဲ မစပ်စုပေ။ဒေစီရောက်ကတည်းက အိနြေ္ဒတွေဘာတွေ ရလို့ပါလား။
နောက်မှ အိမ်ရှေ့မှာ တံခါးခေါက်သံကြားတော့ သွားဖွင့်တာ ဂျူးဂျူး အိမ်ရောက်လာပြီ။လက်ထဲမှာလဲ အထုပ်တစ်ပုံကြီးနဲ့။
"ရော့ ဒီမှာ အများကြီးယူလာတယ် ကြိုက်တာရွေး"
"အဲ့လောက်အများကြီး ယူလာစရာမလိုပါဘူးဂျူးဂျူးရယ်"
"မသိဘူး ယူလာပြီးပြီ ဝတ်ချင်တာ ရွေးဝတ် ပြီးရင် ပိုက်ဆံပေး"
"ဝတ်က မဝတ်ရသေးဘူး အရင်တောင်းနေပြီ"
"တောင်းရမှာဘဲ ဒါနဲ့နင့်အမေရော"
"ဟိုးဘက် ကိုလင်းမြတ်အိမ်မှာ သွားလည်တယ်
ဒါဘဲ ငါ သွားစမ်းဝတ်ကြည့်လိုက်ဦးမယ်"ကျွန်တော်လဲ ကျွန်တော်ကြိုက်တဲ့ အခုထဲကတစ်ခုကို ဝတ်ပြီး အပေါ်ထပ်ကနေ အောက်ဆင်းပြီး ဂျူးဂျူးကိုလာပြတာ ဟိုက မျက်လုံးပြူးလို့။
"ဟဲ့ သုတ နင်နဲ့လိုက်တယ်ဟဲ့ တစ်ခြားဟာတွေတောင်စမ်းဝတ်စရာမလိုတော့ဘူး ဒီအမည်းရောင်လေးနဲ့ လှနေပြီ"
"အေ အာ့ဆို ဒါဘဲယူတော့မယ်"
ကျွန်တော်လဲ သူ့ကို ပိုက်ဆံပေးပြီး အင်ကျီကိုပြန်ထားလိုက်သည်။
"အေ ကျေးဇူးဘဲ သုတ ငါပြန်လိုက်ဦးမယ်"
"နင် အခုတလော ဘာလို့ ဒီလောက်တောင်လောနေတာလဲ ဒေစီရောဘဲ နင်တို့နှစ်ယောက် တစ်ခုခုဘဲ ဟဲ့ နင်တို့တွဲနေတာလား ဟုတ်တယ်မလား"
"မဟုတ်ပါဘူး ဘာတွေလာမေးနေတာလဲ ငါ့အလုပ်ရှိတယ် သုတ လာမရစ်နဲ့"
အမယ်လေး စိတ်တွေ မရှည်လို့ပါလား။ငါ့တောင်ပြန်အော်သွားသေးတယ် နင်တို့နှစ်ယောက်တော့လေ။
ထိုအချိန်မှာဘဲ ကိုစိုင်းနောင်စီက ဖုန်းဝင်လာလေသည်။
"ဟယ်လို ကိုစိုင်းနောင်"