လွန်းသုတတစ်ယောက် ဦးမောင်ဝင်းစီက ပညာသင်တာ တစ်ပါတ်ကျော်ရှိသွားပါပြီ။ဆရာကတော့ ကျွန်တော့်ကို လက်တွေ့လုပ်ဖို့တော့ပြောပါတယ်။ကျွန်တော့်အထင်တော့ ကျွန်တော် အဆင်သင့်မဖြစ်သေးဘူးထင်တယ်။
"သုတက တကယ်ကိုတော်တဲ့ကောင်လေးပါ
မောင်လင်းမြတ် တကယ်လဲကြိုးစားတယ်""ဟုတ်တယ်ဆရာရဲ့ သူကငယ်ငယ်ထဲက အရမ်းကြိုးစားတာ ကူညီပေးလို့ကျေးဇူးတင်ပါတယ်ခမျာ"
"မဟုတ်တာရပါတယ် မင်းအပေါ်ကျေးဇူးရှိသလို ဒီကောင်လေးကို သင်ပေးရတာလဲ တကယ်ကို ကောင်းပါတယ်"
"ဟုတ်ကဲ့"
ဒီနေ့လွန်းသုတ တစ်ယောက် ဆေးရုံကို စောစောလာပြီး ဆရာပေးထားတဲ့ အလုပ်တွေကိုပြီးအောင်လုပ်နေလိုက်သည်။
ထိုအချိန်မှာဘဲ အရေးကြီးတယ်ဆိုပြီးတော့ လူနာတစ်ယောက် ဆရာဦးမောင်ဝင်း ဆေးကုတဲ့ အခန်းထဲ ပို့လိုက်သည်။ကျွန်တော်မမြင်လိုက်ပေမယ့် နှလုံးတွေပါတုန်ပြီး ဘာလုပ်ရမှန်းမသိ။အခုရှိနေတာက ဆေးကုခန်းမှာမဟုတ်ပေမယ့် အခုဟာက ဆရာကြီးက လာတောင်မလာသေး။မိန်းကလေးတစ်ယောက်က ကျွန်တော့်စီလာပြီးပြောတော့သည်။
"ဆရာ ဆရာ"
"ကျွန်တော် ဆရာမဟုတ်ပါဘူးခမျ"
"ဘာဘဲဖြစ်ဖြစ်ပါ ကုတ်အင်ကျီဝတ်ထားတာဘဲလေ မင်းသား မင်းရန သိတယ်မလား အခုခြေထောက်ထိထားလို့ မြန်မြန်လာပါရှင်"
What!!! ရန ငါဘာလုပ်ရတော့မှာလဲ။သေပါပြီ ငါ့ကိုမြင်လို့မဖြစ်ဘူး မဖြစ်ဘူး။
"မြန်မြန်ပါရှင်"
"ဟုတ် ဟုတ် ခနနေလာခဲ့မယ်"
ကောင်မလေးကတော့ ကျွန်တော့်ကို ခွင့်တောင်းပြီးထွက်သွားတော့သည်။ကျွန်တော်ကတော့
Mask တပ်တာကလွဲပြီး ဘာမှမလုပ်နိုင်။ဆရာကို ဖုန်းဆက်တာလဲ ဆရာဖုန်းမကိုင် သွေးတွေဆိုကျွန်တော်ဘာမှ လုပ်တတ်မှာမဟုတ်ဘူး။ကျွန်တော်လဲဆရာရဲ့ ဆေးကုတဲ့ အခန်းကို
ခေါင်းငုံ့ပြီး ဝင်လာလိုက်သည်။"နေပါဦး ဒီအကောင်သေးသေးနဲ့ဆရာဝန်က ဘယ်သူလဲ ဆရာဦးမောင်ဝင်းရော"