လွန်းသုတတစ်ယောက် ဒီနေ့အလုပ်ဆင်းရမှာမို့
တကယ်ကိုပျော်နေလေသည်။ သပ်သပ်ရပ်ရပ် ဘယ်လိုဝတ်ရမယ်မသိလို့ အတတ်နိုင်ဆုံးကြည့်ကောင်းအောင်ဝတ်လိုက်သည်။ဘယ်လိုဝတ်ဝတ် လွန်းသုတတစ်ယောက် ဘယ်လိုမှလူကြီးပုံမပေါက်ပေ။ဘောင်းဘီရှည် အင်ကျီလက်ရှည်အဖြူကို ဝတ်ပြီး ကိုလင်းမြတ်ပြောတဲ့ ဦးမောင်ဝင်းရှိတဲ့ ဆေးရုံကို ကားမောင်းပြီးထွက်လာလိုက်သည်။ဆေးရုံရောက်တော့ ဘယ်သွားရမယ်မသိ လမ်းစပျောက်တော့တာဘဲ။ဒီလိုနဲ့ ဟိုလိုက်မေးဒီလိုက်မေးပေါ့။ဒီလိုနဲ့ လျှောက်လာတာ လမ်းမှာ ဆရာဝန်တစ်ယောက်နဲ့ တွေ့လေသည်။
"ဟေ့ကောင်လေး"
"ဗျာ!!"
"လမ်းပျောက်နေတာလား တစ်ခုခုရှာနေသလိုဘဲ"
"မပျောက်ပါဘူးဗျ ကျွန်တော့်ကို တစ်ခုကူညီလို့ရမလားဗျ ဦးမောင်ဝင်းကို ဘယ်မှာရှာရမလဲမသိဘူးဖြစ်နေတယ်"
"နေပါဦး ဘာကိစ္စနဲ့ ရှာနေတာလဲ"
"အော် ကျွန်တော့်က လေ့လာချင်တာ ရှိတာနဲ့
ဆရာက သင်ပေးမယ်ပြောထားလို့ပါ""အော်....သိပြီ နေပါဦး မင်းအသက် ဘယ်လောက်လဲ"
"၂၁ပါခမျ ဘာဖြစ်လို့လဲ"
အဲ့ဆရာဝန်မျက်နှာက အံ့သြသွားသည့်ပုံစံရသည်။သူဘာလို့ အံ့သြတာလဲဆိုတာ ကျွန်တော်သိတယ်။ဒါကလည်း မထူးဆန်းတော့ပါဘူး အမြဲ
ထင်ခံနေရတာ။နောက်တော့ ဆရာဦးမောင်ဝင်းကို အနောက်က အခန်းတစ်ခုကနေထွက်လာတာကို တွေ့တော့နှုတာဆက်လိုက်တယ်။ဒါပေမယ့် ဒီအခုပြောနေတဲ့ဆရာဝန်က ကျွန်တော်မြင်ဖူးတဲ့ဆရာဝန်တွေထဲ တော်တော် ရစ်တဲ့ဆရာဝန်ဘဲ။
"လွန်းသုတ လာလေ ဘာလုပ်နေတာလဲ"
"ဟုတ်ကဲ့ ခုနက ဆရာ့ကို ရှာနေလို့ နည်းနည်းနောက်ကျသွားတယ်"
"ဆရာ့အခန်းက ဒီမှာ ဟုတ်ပြီလား လာအခုဘဲ သင်လိုက်ရအောင်"
"ဟုတ်ကဲ့"
ဆရာဦးမောင်ဝင်းပေးတဲ့ ကုတ်အင်ကျီဝတ်ပြီးလိုက်သွားလိုက်သည်။ဒီလိုနဲ့ ဒီနေ့က ဆရာက ဆေးတွေကနေစာသင်ပေးတာပေါ့။ကျွန်တော်ကတော့ ကျွန်တော် တတ်ထားတဲ့ ပညာကြောင့် သင်ယူရတာ သိပ်ခက်မနေဘူး။သင်ပေးတဲ့ အချိန်တိုင်းမှာလဲ သေချာကိုနားထောင်နေရတာပေါ့။