𝐍𝐢𝐧𝐞

3K 458 54
                                    

Unicode
_________

မနက်ခင်းနေရောင်ဖျော့ဖျော့သည် နန်းတော်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်စ ပြုလာသည်။
ထိုဝါကျင့်ကျင့် နေရောင်ခြည်သည် နန်းတော်ခန်းမဆောင်၏ တိုင်လုံးများကို ထိတွေ့မိသောအခါ အပြာရောင်အဖြစ် ခန်းမဆောင်ထဲသို့ ဖြာထွက်သွားသည်။အကြောင်းမှာ အပြာရောင်ရှိသောအလှဆင်ကျောက်တစ်မျိုးကို တိုင်လုံးများအဖြစ် စီမံထားသောကြောင့်ဖြစ်သည်။

နန်းတော်အမှုထမ်းတို့၏ ဝတ်လွှာစမှ ဇာမဏီငှက်ပုံတို့ကလည်း ယနေ့မှ ပိုပြီးအသက်ဝင်နေသယောင်ရှိသည်။ဟေတန်မျိုးနွယ်စုတို့သည် ဇာမဏီငှက်ကို အမြတ်တနိုးတန်ဖိုးထားသည့်အတွက် အသုံးအဆောင်ပစ္စည်းတွေက အစ အဝတ်အထည်တွေအဆုံး ဇာမဏီငှက်ပုံကို ရေးထိုးအလှဆင်ကြသည်။

စစ်ဝတ်တန်ဆာများကို အပြည့်အစုံဆင်ယင်ထားသော ရဲမက်အားလုံးတို့၏ ကိုယ်ပေါ်တွင်လက်နက်များ ချိတ်ဆွဲထားသည်။

နန်းတော်အမှုထမ်းတို့သည် သူတို့အရှင်သခင်၏ လုပ်ကြံခံရမှုအကြောင်းကို အချင်းချင်းတီးတိုး ရေရွတ်နေကြသည်။မကြာမီ ကျောက်ဖြူသားခင်းထားသော လျှောက်လမ်းပေါ်မှ အရှင်ဂျောင်ကု၏ အရိပ်အယောင်ကိုမြင်သည်နှင့် အပ်ကျသံမကြားအောင် ငြိမ်သက်သွားကြသည်။

ကျောက်ဖြူသားလမ်းပေါ်မှ ခြေလှမ်းတိုင်းသည် ပြောမပြတတ်သည့် စွမ်းအားတစ်ခုပျော်ဝင်နေသလို အားမာန်ရှိပြီး ကြည့်ကောင်းသည်။ရွှေရောင်အနားကွပ်ထားသည့် အနက်ရောင်ဝတ်ရုံရည်သည် မနက်ခင်းနှင့်လိုက်ဖက်လွန်းသည်။မျက်နှာပေါ်မှ ရွှေရောင်မျက်နှာဖုံးကြောင့် မျက်နှာကိုမမြင်ရသည့်တိုင်အောင် ချောမောသူတစ်ယောက်ဖြစ်ကြောင်း ဟေတန်မျိုးနွယ်စုတို့ ခန့်မှန်းမိကြသည်။

"အရှင် ဒဏ်ရာက သက်သာပါရဲ့လား"

အစဦးဆုံး မေးလိုက်သူက စစ်သူကြီးဇိုဒီပင်။ဝတ်ရုံအောက်က ဒဏ်ရာရထားသည့် လက်မောင်းတစ်ဖက်ကိုလည်း မသိမသာအကဲခတ်နေပေမယ့်မျက်နှာကတော့ အပြုံးမပျက်ပေ။အားလုံး၏ အမြင်တွင် စိတ်သဘောထားကောင်းပြီး ပျော်ပျော်နေတတ်သည့် စစ်သူကြီးဇိုဒီ။

THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎Where stories live. Discover now