𝐓𝐰𝐞𝐧𝐭𝐲-𝐨𝐧𝐞

2.5K 382 66
                                    

Unicode
_________


နွေးထွေး အိစက်နေသော သားမွှေးအိပ်ရာ၏ အထိအတွေ့က ဆော့ဂျင် မျက်လုံးတွေကို မဖွင့်ချင်အောင် ဆွဲဆောင်သည်။နန်းဆောင် အမိုးပေါ်က နှင်းကျသံတွေကြောင့် နှင်းမိုးရွာနေသလားဟုတောင် ထင်ရသည်။ယခုထိ မျက်လုံးမဖွင့်မိသေးဘဲ ပခုံးထိ ခြုံထားသော သားမွှေးစောင်ကို ခွာချပြီး ဆော့ဂျင် အိပ်ရာထဖို့ ပြင်သည်။

"မထပါနဲ့ဦး...အ​​​ပြင်မှာအရမ်းအေးနေတယ်"

တိုးဖျလှသော လေသံကြောင့် ဆော့ဂျင် နားရွက်လေးတွေနီရဲကာ ဆတ်ခနဲတုန်သွားသည်။တစ်ဆက်တည်းမှာပင် ခါးပေါ်က ဂျောင်ကုလက်တွေက တင်းကျပ်သွားပြီး လည်ပင်းကို ဖွဖွလာနမ်းသည်။

ဆော့ဂျင် ခွာချထားသော သားမွှေးစောင်ဖြင့် တစ်ကိုယ်လုံးကို သိမ်းထုပ်ကာ ထွေးပွေ့သည်။နဖူးပေါ်က ဆံပင်တွေကို လက်နဲ့သပ်ပေးပြီး မျက်ခွံမို့မို့ကို အကြာကြီးနမ်းသည်။

"ကိုယ်...နောက်နေ့တွေဆို မင်းကို မတွေ့ရတော့ဘူး"

လေသံမျှသာ ပြောလိုက်သော စကားအဆုံးမှာနှလုံးခုန်သံတွေ မူမမှန်တော့သည်အထိ မွန်းကြပ်လာရသည်။နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်တဲ့အထိ သူ့နာမည်ကို အထပ်ထပ်ရေရွတ်ရုံက လွဲပြီးဘာတတ်နိုင်မှာတဲ့လဲ။စိတ်သက်သာလို သက်သာငြား စကားလမ်းကြောင်းလွှဲပစ်ဖို့ ဆော့ဂျင် ကြိုးစားမိသည်။

"အရှင် နန်းတော်ကို သွားဖို့ပြင်တော့လေ"

"ဒီနေ့တစ်နေ့...တစ်နေ့ပဲ ကိုယ်.. မင်းနဲ့အတူရှိပါရစေနော်"

ဆော့ဂျင် ဘာစကားမှမဆိုမိတော့။အမှန်တကယ်လည်းမိမိကိုယ်တိုင် ဒီနေ့တစ်နေ့တော့ ချစ်ရသူနဲ့ ကုန်ဆုံးချင်တာ။စိုစွတ်စပြုလာသော မျက်လုံးတွေကြောင့် ဂျောင်ကုရင်ခွင်ထဲကို မျက်နှာအပ်ပြီး ပုန်းကွယ်မိသည်။နာရီတွေ စက္ကန့်တွေကို ရပ်တန့်ပစ်ချင်မိသည်အထိ ဒီအခိုက်အတန့်လေးကို တောင့်တသည်။

နေရာဒေသ မတူ မွေးဖွားလာခဲ့တဲ့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရမလား။ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ဖူးစာကိုပဲ အပြစ်တင်ရမလား ဝေခွဲမရတော့ပေ။နောက်ထပ် အချိန်ကာလ ဘယ်လောက်များများ ဝေးကွာရဦးမလဲ။တစ်ဘဝစာလုံးဖြစ်နိုင်သလို နှစ်ပေါင်းအတော်များများလည်း ဖြစ်နိုင်သည်။

THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎Where stories live. Discover now