Unicode
_________ခွန်လွန် တောင်တန်းကြီးမှာ မြူနှင်းများအောက်တွင် ငြိမ်သက်စွာ တည်ရှိနေသည်။ဟိမန္တာတောင်တန်းကြီးနှင့်လည်း ဆက်စပ်လျက်ရှိသောကြောင့် ထူထပ်သော သစ်တောကြီးများ၊ကျောက်တောင် ကျောက်ထွတ်များလည်း အလွန်ပေါသည်။
ဖြူဆွတ်နေသော မြူနှင်းတို့က ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသောကြောင့် အအေးဓာတ်သည် ခန္ဓာကိုယ်တစ်ခုလုံး စိမ့်နေအောင် အေးသည်။
ဝက်ဝံသားရေကို ချုပ်ထားသော အကျီအပေါ်မှာ သားမွှေးဝတ်ရုံ ခပ်ထူထူကို ဝတ်ဆင်ထားသည့်တိုင်အောင် ထိုအအေးဓာတ်က လျော့ပါးမသွားပေ။
မြင်းကိုယ်စီ စီးထားသော လူ၁၀ယောက်ခန့်သည် ထိုအအေးဓာတ်ကို အံတုပြီး အမဲလိုက်ထွက်ခဲ့ခြင်းဖြစ်သည်။ခေါင်းဆောင်သူကတော့ အရှင်ဂျောင်ကုပင်။
"ဖြောက်....ဖြောက်...."
သစ်ရွက်ခြောက်ကြွေပေါ်က ဖြတ်လျှောက်သွားသည့် အသံကြောင့် နောက်လိုက်ရဲမက်တို့ကို ငြိမ်သက်နေရန် လက်ပြအချက်ပေးလိုက်ရင်း ကိုယ်တိုင်လည်း မျက်စိလျင်လျင်ထားလိုက်သည်။
ခဏအကြာတွင် အစားကိုမဲစားနေသော နှင်းကျားသစ်တစ်ကောင်က ဂျောင်ကု ပစ်ကွင်းထဲ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာသည်။မီးခိုးရောင်၊အဖြူရောင်အမွှေးများနှင့် အနက်ရောင်အစက်အပြောက်များရှိသော နှင်းကျားသစ်သည် ရန်သူတို့ရှိနေသည်ကို သတိထားမိဟန်မတူ။အစာကိုသာ အေးအေးဆေးဆေး စားနေသည်။
ဆင်စွယ်လက်ကိုင်တွင် ဇာမဏီငှက်ပုံ ထွင်းထားသော လေးကို ကိုင်ကာ ငှက်မွှေးတပ်ထားသော မြှားတစ်ချောင်းကို လေးကြိုးပေါ်တင်လိုက်သည်။သားကောင်၏ လည်မျိုနေရာကို အတိအကျချိန်ကာ အသက်ကို ခပ်ပြင်းပြင်းရှုသွင်းပြီး မြှားတံကို ပစ်လွှတ်လိုက်သည်။
"ခွီး.... ဂလူး....ဂလူး..."
နာကျင်စွာ အော်ဟစ်နေသော နှင်းကျားသစ်၏ အော်ညည်းသံသည် တောင်ကြောတစ်လျှောက်ပဲ့တင်သွားသည်။ ခဏအကြာတွင်တော့ မြှားဒဏ်ရာကြောင့် လုံးဝငြိမ်သက်သွားလေတော့သည်။
YOU ARE READING
THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎