Unicode
________"ကင်ဆော့ဂျင် ဆိုတဲ့လူသာ တစ်ခုခု ဖြစ်သွားရင် ဒီလူမျိုးစုရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ကျွန်တော်ကရော အသက်ဆက်ရှင်နိုင်မယ် ထင်လား"
"ဘာ...ဒါ..ဒါဆို...ကင်ဆော့ဂျင်ကို...မင်းက..."
စဝမ်၏ အသံက အံ့ဩမှုတို့ ပေါင်းစုကာ တုန်ရီ တိုးခိုက်စွာ ထွက်ပေါ်လာသည်။ဂျောင်ကု မျက်လုံးအိမ်တို့မှ မျက်ရည်စတို့ကို ကြောက်လန့်တကြား ကြည့်သည်။သံမဏိလို ခိုင်မာပြီး ရဲရင့်ပြတ်သားသူတစ်ယောက်ဖြစ်လာအောင် မိမိပြုစုပျိုးထောင်ခဲ့ခြင်းက နောက်ဆုံးမှာ ယောက်ျားတစ်ယောက်ကို ချစ်ကြိုက်ဖို့လား။တော်ရုံတန်ရုံ မငိုတတ်ခဲ့သော ကလေးက အခုတော့ဖြင့်အခြားတစ်ယောက်အတွက် မျက်ရည်ကျ တတ်ခဲ့ပြီလား။ဘုရား...ဘုရား။
"ဆော့ဂျင်ကို ကျွန်တော့်အသက်ထက်ပို မြတ်နိုးတယ် ဦးရီးတော်"
သူ့အသံက ကြေကွဲ ဆို့နစ်သောအသံဖြစ်သည်။
ပထမဆုံးအကြိမ် ဂျောင်ကု၏ နှုတ်မှ တစ်စုံတစ်ဦးကို ချစ်ကြောင်း ထုတ်ဖော်ပြောခြင်း။အသက် ၅နှစ်ကတည်းက မေတ္တာငတ်ခဲ့သော လူသားတစ်ယောက်၏ ပထမဆုံးအချစ်သည် အရှိန်အဟုန်နဲ့စွမ်းအားကြီးလွန်းလှပေစွ။
"ဆော့ဂျင် မရှိတော့ရင် ကျွန်တော် အသက်ဆက်ရှင်နိုင်ကောင်းရှင်နိုင်လိမ့်မယ်။ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၈နှစ်က ဘဝမျိုးကို ပြန်ရောက်သွားလိမ့်မယ် ဦးရီးတော်"
လွန်ခဲ့တဲ့ ၁၈နှစ်က ချစ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးသွားခဲ့ရတဲ့ ၅နှစ်သားကလေးငယ်၏ ပုံရိပ်ကို စဝမ် ပြန်မြင်ယောင်လာမိသည်။
ဒူးထောက်ထိုင်နေတဲ့ ဂျောင်ကုပခုံးနှစ်ဘက်ကို ခပ်ကြမ်းကြမ်း ဆွဲလှုပ်လိုက်ရင်း မျက်လုံးတွေကို စူးစူးရဲရဲ ကြည့်ပစ်လိုက်သည်။
"ဂျောင်ကု...မင်းက ဟေတန်မျိုးနွယ်စုရဲ့ သာမန်လူသားတစ်ယောက်မဟုတ်ဘူး။ခေါင်းဆောင် တစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့လိုက်နဲ့။အရာအားလုံးကို ကိုယ့်နှလုံးသားအတိုင်း ဆုံးဖြတ်ချက်ချလို့မရဘူး။မင်းကို ဒီအရွယ်ထိ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ခဲ့တာ အချစ်တစ်ခုတည်းအတွက် ပျော့ညံ့ဖို့မဟုတ်ဘူး"
YOU ARE READING
THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎