Unicode
________"ကိုရီယားနိုင်ငံ အင်ချွန်းလေဆိပ်"
သားမွှေးအဖြူရောင် ကုတ်အရှည်၊ ဘောင်းဘီအညိုဖျော့ရောင်နှင့် ကျောပိုးအိတ်ကို လွယ်ကာ luggageကို ဆွဲလျက် တရွေ့ရွေ့လျှောက်လှမ်းလာသော လူငယ်တစ်ယောက်။လိုက်ပို့မည့်သူ မရှိသလို တစ်ခြားသူတွေလို မခွဲနိုင်မခွာရက် အလွမ်းသယ်နေမည့် သူလည်းမရှိ။
အအေးဓာတ်ကြောင့် ဖြူနုသော ပါးပြင်နှစ်ဖက်တို့သည်
ကြည်လင်နေကာ ပန်းနုရောင် ခပ်ရေးရေးပြေးလျက်ရှိသည်။အနည်းငယ် ဖူးငုံနေသည့် နှုတ်ခမ်းအစုံတို့က တလှုပ်လှုပ်နှင့် တစ်စုံတစ်ခုကို ခပ်တိုးတိုးရေရွတ်နေသည်။"အားတင်းထား...ကင်ဆော့ဂျင် ဒီသုတေသန စာတမ်းကို အကောင်းဆုံးလုပ်ရအောင်"
ထိုကဲ့သို့ သူ့ကိုယ်သူ အားပေးစကားဆိုပြီးသည်နှင့် အဆင်သင့်ဆိုက်ရောက်နေသည့် လေယာဉ် ပေါ် တက်ကြွသော ခြေလှမ်းတို့ဖြင့် တက်လိုက်သည်။
အသက် ၂၄နှစ်အရွယ်ရှိနေပြီဖြစ်သည့်တက္ကသိုလ်ဆရာသူ့အဖို့ ဤခရီးကိုတစ်ယောက်တည်း ထွက်လာခြင်းက ထူးဆန်းသည့် ကိစ္စမဟုတ်ပေမယ့် သူသွားရမည့်နေရာကတော့ နည်းနည်းထူးဆန်းသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ တရုတ်လူမျိုးစုတို့အကြောင်း သုတေသန စာတမ်းပြုစုဖို့ ဒီခရီးကို တစ်ယောက်တည်း ထွက်လာခဲ့ခြင်းဖြစ်သည်။
တစ်ကောင်ကြွက် သူ့အဖို့ အလုပ်ကိုသာ တစ်စိုက်မတ်မတ် အာရုံထားခဲ့သည့်အလျောက် အတွေ့အကြုံရအောင် ခရီးထွက်ချင်တာလည်း ပါသည်။ဘယ်သူမှ မဖတ်ဖူးသေးသည့် သုတေသန စာတမ်းကို ကြိုးစားပြီးလုပ်ချင်တာလည်းပါသည်။အနှောင်အဖွဲ့မရှိသည့် ပေါ့ပေါ့ပါးပါး free styleကို သူ အလွန်နှစ်သက်သည်။
ကျောပိုးအိတ်ထဲက ဖုန်း၊ ကွန်ပျူတာ၊ Note Bookစသည့် အသုံးလိုသည့် တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းတို့ကို တစ်ချက်ပြန်စစ်လိုက်ရင်း စုံပြီဆိုမှ ထိုင်ခုံကို ကျောမှီပြီး မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။
YOU ARE READING
THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎