Unicode
_________ခပ်ကြမ်းကြမ်းတိုက်ခတ်လာသော လေစိမ်းနှင့်အတူ နှင်းမှုန်အငွေ့အသက်များကပါ ပတ်ဝန်းကျင် တစ်ခုလုံးကြီးစိုးနေသည်။နေရောင်ကို လုံးဝ မြင်နိုင်စွမ်းမရှိအောင်အထိ ရှန်ဂရီလာ ဆောင်းက အေးစက်လွန်းသည်။
ပတ်ဝန်းကျင်တွင် ငှက်ကလေးတစ်ကောင်စ နှစ်ကောင်စ တို့၏ တီတီတာတာ တေးသီသံမှအပ လုံးဝတိတ်ဆိတ်ခြောက်ကပ်နေသည်။ကျောက်သားတို့ဖြင့် အတိပြီးသော လျှို့ဝှက်အခန်းတစ်ခုတွင်ကား လက်ပြန်ကြိုးတုပ်ခံထားရသော လူတစ်ယောက်။
နှုတ်ခမ်းထောင့်စွန်းတွင် သွေးနီနီတို့က စီးကျလျက်ရှိနေကာ အံကိုတင်းတင်းကြိတ်ခံနေသည်။သူ့ရှေ့တွင်ကား ဓားကိုယ်စီကိုင်ထားသော ရဲမက်နှစ်ယောက်ရှိနေသည်။
ရွှေရောင်မျက်နှာဖုံးကိုတပ်ဆင်ထားသော လူတစ်ယောက် ထိုအခန်းတွင်းသို့ ဝင်လိုက်သည်နှင့် ရဲမက်နှစ်ယောက်က ညာလက်တို့ကို ဘယ်ဘက်ရင်ဘတ်ပေါ်တင်ပြီး ခါးကိုညွှတ်ကာ အရိုအသေပြုသည်။ထိုသူကား 'ဟေတန်' မျိုးနွယ်စုတို့၏ ခေါင်းဆောင် အရှင် ဂျွန်ဂျောင်ကု တည်း။
"အရှင်...မနေ့ညကတည်းက သူ့ကိုမေးတာ ဘာမှမဖြေသေးပါဘူး"
ထိုရဲမက်၏ စကားဆုံးသည်နှင့် ဂျောင်ကုက ဓားအိမ်ထဲက ဓားကို ဆွဲထုတ်လိုက်ကာ လက်ပြန်ကြိုးတုပ်ထားသူ၏ ဇက်ပေါ်တင်လိုက်သည်။
"နောက်ဆုံး အခွင့်အရေးပေးမယ်။ အသင့်ကို ဘယ်သူခိုင်းတာလဲ"
"......."
တုံ့ပြန်ဖြေဆိုသံ မကြားသည့်နောက်တွင် ဓားအသွားက ထိုသူ့လည်ပင်းထဲ အနည်းငယ် နစ်ဝင်သွားသည်။
"အား..."
နာကျင်စွာ အော်ညည်းသံနဲ့အတူ သွေးစနီရဲရဲတို့က လည်ပင်းတစ်လျှောက်စီးကျ လာသည်။
"ပြော..ပြောပါ့မယ် အရှင်။အသက်ကိုတော့ ချမ်းသာပေးပါ။မနေ့ညက အရှင်နဲ့ လူစိမ်း နောက်ကို နောက်ယောင်ခံလိုက်ဖို့ စေခိုင်းတာ မမလေး ရှင်း ပါ"
YOU ARE READING
THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎