Unicode
_________မြေပြင်ပေါ်မှာရှိသော သစ်ရွက်ကြွေများ အပေါ်သို့ နှင်းကျသံမှ ထွက်ပေါ်လာသော တဖြောက်ဖြောက် မြည်သံများသည် နေရာအနှံ့မှ ထွက်ပေါ်လာလျက်ရှိသည်။
လရောင် ခပ်ရေးရေးအောက်တွင် ပိုးကောင်များ၏ အော်သံများကို ဟိုနားတစ်စု ဒီနားတစ်စုကြားနေရသည်။နှင်းကျသံတို့ကား စည်းချက်ညီစွာဖြင့် ကျနေဆဲပင်။
ထိုရွက်ကြွေများကြား ခြေသံတစ်ရှပ်ရှပ်နှင့် အပြေးအလွှားသွားနေသူမှာ ကင်ဆော့ဂျင်ဟူသော လူသား။
အဆက်မပြတ်ကျနေသော နှင်းစက်များကြောင့် သူ့ကိုယ်လေး အတော်အတန် စိုစွတ်နေသည်။နဂိုကတည်းက အေးသော ဒေသဖြစ်ရကား နှင်းစက်တို့က အအေးဓာတ်ကို ပိုတိုးအောင် အားဖြည့်ပေးနေသကဲ့သို့ပင်။
"အေး...အေးလိုက်တာ။ ငါအခုဘယ်ရောက်နေတာလဲ။ ရှန်ဂရီလာနဲ့ ဝေးလာခဲ့ပြီလား"
ဆော့ဂျင်သည် ရင်ဘတ်ထဲက မုန့်ထည့်ထားသည့် အဝတ်ထုပ်ကလေးကို ပိုက်ရင်း ခပ်သွက်သွက်လျှောက်လိုက်သည်။
"ဖလူး....ဖလူး....ဖျပ်...ဖျပ်"
"ဘုရားရေ...ဘာသံကြီးလဲ"
တောင်ပံ ခတ်သံ တစ်ဖျပ်ဖျပ်မှာ အကောင်သေးသေးလေးတော့ ဖြစ်ပုံမရ။ကြီးမားလွန်းသည့် အကောင်ကြီးတစ်ကောင်၏ အတောင်ပံခတ်သံတစ်ခုလို ကျယ်လောင်လွန်းလှသည်။
"ဖလပ်....ဖလပ်....."
သူ့အနီးအနားပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်ရင်း ကျောထဲ စိမ့်ကနဲဖြစ်သွားရသည်။ခဏရပ်ကြည့်ပြီးနောက် ကိုယ့်ကိုယ်ကို အားပေးလိုက်ရင်း ခြေလှမ်းတို့ကို ရှေ့ဆက်လိုက်သည်။
မကြောက်နဲ့ ကင်ဆော့ဂျင်။ မကြောက်နဲ့ ဘာမှမဖြစ်ဘူး။ရှေ့ကို ဆက်သွား။မနက်မိုးလင်းရင် အားလုံးအဆင်ပြေသွားမှာ...အားတင်းထား။
"ဝူး...ဝူး.....ခွီး"
နောက်ထပ် ကြားရသော မာန်ဖီသံကြီးတွင်တော့ သူ့ကိုယ်သူ အားတင်းထားရသမျှ စကားသံတို့ပျောက်ဆုံးသွားရကာ နောက်ကို စိတ်မလုံစွာ လှည့်ကြည့်လိုက်တော့...
YOU ARE READING
THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎