Unicode
_________"အရှင်က ချောလိုက်တာ"
ဆော့ဂျင် နှုတ်ဖျားမှ ထိုသို့ လွှတ်ကနဲ ထွက်လိုက်သည်နှင့် ဂျောင်ကု ၏ လက်တစ်ချောင်းက ဆော့ဂျင်လည်ပင်းတစ်နေရာသို့ ဖျတ်ကနဲ ကျရောက်သွားကာ မျက်တောင်ဖျားတွေ ပိတ်ကျသွားသည်။
"ဟူး "
မေ့မြောသွားသော ဆော့ဂျင်ကို စောင်လေးပြန်ခြုံပေးလိုက်ရင်း ယခုထိ ခုန်လှုပ်နေဆဲရင်ကို ဂျောင်ကု အလျင်အမြန်ထိန်းနေရသည်။အတန်တန် သတိထားနေတဲ့ ကြားက သူ့မျက်နှာကို မြင်သွားခဲ့ပြီလား။
ခွင့်လွှတ်ပါ..။ကိုယ့်ကို မင်းရဲ့ မှတ်ဉာဏ်ထဲကနေ ဖျောက်ဖျက်ပစ်လိုက်ပါ။ကိုယ့်မျက်နှာကို ဘယ်သူမှ အမြင်ခံလို့ မရတဲ့အကြောင်းအရင်းကို တစ်နေ့နေ့မှာ သိလာမှာပါ။အဲ့ဒီအချိန်ကျမှသာ မင်း ကိုယ့်ကို ကြောက်မသွားဖို့ မျှော်လင့်ပါတယ်။
မျက်နှာဖုံးတစ်ခုအောက်မှာ အသက်မဲ့သလို ရှင်သန်နေရတဲ့ သူ့ဘဝကို တစ်ခါတစ်လေ အဆုံးသတ်ပစ်ဖို့ ကြိုးစားခဲ့တာ အကြိမ်ပေါင်းမရေတွက်နိုင်အောင်ပင်။သို့သော် ကံကြမ္မာက မျက်နှာမပေးခဲ့ပေ။ထို မျက်နှာဖုံးကပဲ သူ့အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာခဲ့ရသည်။
အတွေးများစွာတို့ကို အဆုံးသတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။နေရောင်ခြည်နုနုက အခန်းအတွင်းသို့အတော်အတန် ဝင်ရောက်လာပြီမို့ နန်းတော်တွင်းသို့ သွားဖို့ပြင်ဆင်ရသည်။
သားမွှေးအကျီရှည် အဖြူရောင်ကို လဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် အနည်းငယ်လျှောကျချင်နေသော ဆံပင်တို့ကို တစ်ဝက်စည်းနှောင်လိုက်ပြီး ရွှေရောင် ခေါင်းပတ်ကိုပါ နဖူးထက်မှာ ဆင်မြန်းလိုက်သည်။
"လီယန်...အစ်ကိုတော် ဆမ်ဂန်တို့နဲ့ အစည်းအဝေးလုပ်ရမှာမို့ ငါနန်းတော်ထဲဝင်တော့မယ်။တော်ကြာလောက်ကျရင် သူ့ကိုမေ့ကြောဖွင့်ပေးလိုက်ပါ"
"ကောင်းပါပြီ...အရှင်"
ဝတ်စုံပြည့် ဆင်ယင်ထားသော အရှင့်ပုံစံသည် မျက်နှာမမြင်ရသော်လည်း ခန့်ညားလွန်းလှသည်။ယောက်ျားပီသသော ရင်အုပ်ကျယ်ကျယ်နှင့် အချိုးအစားပြေပြစ်လှသော ခန္ဓာကိုယ်က ဖြူဆွတ်နေသောသားမွှေးဝတ်ရုံရှည်နှင့် လွန်စွာပနံရနေရသည်။ခြေလှမ်းတစ်လှမ်းစီ လှမ်းလိုက်တိုင်း အမည်ဖော်မပြတတ်သည့် တည်ကြည်ခန့်ညားမှုဓာတ်တစ်မျိုးက ဆွဲဆောင်နေပြန်သည်။
YOU ARE READING
THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎