𝐄𝐧𝐝𝐢𝐧𝐠

3.9K 463 201
                                    

Unicode
_________

ကောင်းကင်ပြာနောက်ခံတွင် တိမ်ရောင်စုံတို့ လွင်လွင်လေး မြူးဆော့နေသည်။မျှော်မဆုံးနိုင်သည့် ကျယ်ပြန့်လှသော  မြက်ခင်းစိမ်းတွေအလယ်မှာ တိဘက်နွားများကို အတန်းလိုက်တွေ့ရသည်။တောင်ယာခင်းများမှ ထွက်လာသော မီးခိုးငွေ့များမှာလည်း နှင်းငွေ့တွေကို ဖောက်ထွက်ကာ အထက်ကောင်းကင်ယံဆီသို့ တိုးဝှေ့ပျံတက်နေကြသည်။

စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကျောင်း ပြုသည့် 'ဖန်ထျန်း' ရွာငယ်လေး။ဒီ တိဘက်ရွာလေးက ဆော့ဂျင်အတွက် နောက်ဆုံးခရီးစဉ် နောက်ဆုံးမျှော်လင့်ချက်ပဲ ဖြစ်ပါလိမ့်မယ်။

အတန်ငယ်ရှည်လျားလာသော ဂုတ်ထောက်ဆံပင်တို့က လေတစ်ချက်မြူးသွားတိုင်း ပါးပြင်ပေါ်ကို လာရောက်ရိုက်ခတ်နေသည်။အေးစိမ့်နေသော ရာသီဥတုကြောင့် ဆွယ်တာအဖြူလေးအောက်က ခန္ဓာကိုယ်သည် သေးကျုံ့သွား၏။ချမ်းလိုက်သည်မှာ ဆိုဖွယ်ရာ မရှိတော့။ဦးတည်ချက်မရှိ ရေစုန်မျောနေသော မိမိဘဝကို ဒီခရီးစဉ်အပြီးတွင် ပြန်လည်တည်ဆောက်နိုင်ဖို့တော့ ကြိုးစားရပေဦးမည်။

လက်တွေ့မဆန်တဲ့ စိတ်ကူးတွေကိုလည်း မဖက်တွယ်တော့ဘူး။သစ်ရွက်ထိပ်ဖျားက နှင်းစက်လေးတွေကို တွေ့တော့ ငါတို့အဖြစ်နဲ့ သိပ်တူတာပဲလို့ တွေးမိတယ်။

အလှမ်းဝေးတဲ့ ကောင်းကင်တစ်နေရာကနေ မြေပြင်ပေါ်က သစ်ရွက်တွေအပေါ် ဖြောက်ကနဲတင်ပြီး ဖျတ်ကနဲ လျှောကျသွားတယ်။ကျွန်တော်တို့တွေလည်း ဒီလိုပါပဲ။အိမ်မက်ဆန်တဲ့ အဖြစ်အပျက်မျိုးနဲ့ ချစ်ခဲ့ကြတယ်။အခုတော့လည်း လျှောကျသွားတဲ့နှင်းတွေလိုပါပဲ။ဖြစ်ပြီးရင် ပျက်တတ်တဲ့လောကတရားသဘောကို ကျွန်တော်တို့နှစ်ယောက်လုံး လက်ခံကြရတော့မယ်။သိပ်ချစ်ပေမယ့်လည်း စွန့်ပစ်ရတော့မယ်။

"ဝေ့.....လား...လာ့....လာ...လာ....အိုး...အို...အိုး..အို..."

ဆွဲဆွဲငင်ငင် သီဆိုလိုက်သော ရိုးရာတေးသံစဉ်တစ်ခုကြောင်​့ ပျံ့လွင့်နေသော အတွေးစတို့ ပျောက်ကွယ်သွားသည်။သင်တိုင်းအကျီ အဖြူနဲ့ အပြာရောင် ဝတ်ဆင်ထားသော အမျိုးသမီးကြီးတွေက စပါးနှံများကို စုချည်ကာ သီဆိုနေကြခြင်းဖြစ်သည်။ *[သီးနှံအထွက်ကောင်းစေရန် မြေပြင်ကို ကျေးဇူးတင်ပြီးဆုတောင်းကြသည့် တိဘက်တို့၏ ဓလေ့ဖြစ်သည်]*

THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎Where stories live. Discover now