Unicode
အပိုင်း - ၉ ။ ကြေးမိုးကြိုးသွား။
မျက်ရည်များကို သုတ်ပြီးနောက် ရွှေကသစ် ထရပ်၏။ ဖုတ်ကောင်များသည် ခံစားချက်ဟူ၍မရှိ။ သူတို့၏ ခန္ဓာကိုယ်သည် အသေကောင်များဖြစ်ပြီး မည်သည့်အရာကိုမျှ ခံစား၍မရပေ။ အမြင်အာရုံနှင့်အကြားအာရုံ၊ ခန္ဓာကိုယ်လှုပ်ရှားနိုင်မှုသည် ဇော်ဂျီကြောင့်သာဖြစ်သည်။
ငါကတအားကြီးကို အားယားနေတာကြောင့် ဒါတွေတွေးမိနေတာလား။
ရွှေကသစ်သည် စဉ်းစား၏။
ဘယ်တုန်းကများ ငါကအခြားလူရဲ့ဂရုစိုက်ခြင်းကို လိုအပ်နေလို့လဲ။
"အသင်အဆင်ပြေတယ်ဆိုရင်လဲ ငါတို့တွေ သွားကြစို့"
ဇော်ဂျီ... ထိုအမျိုးသားသည် အရိပ်အကဲသိလွန်းလှသည်ဟု သူမ ထင်သည်။ သူမ ပြောလိုသည့်စကား၊ မပြောလိုသည့်စကား အရာအားလုံးကို ထိုသူသည် ဖုတ်တစ်ကောင်၏ အမြဲတမ်းတပြေးညီဖြစ်နေသည့် မျက်နှာကိုကြည့်ပြီး သိနိုင်သည်။
ဒီလူက စိတ်ဖတ်တတ်တယ်လို့ ငါထင်မိတော့မှာပဲ။
ရွှေကသစ်သည် တွေးလေ၏။ သူမသည် အတွေးနှင့်အလုပ်တစ်ထပ်တည်းကျတတ်သည့် သူဖြစ်သည်။ ရံဖန်ရံခါတွင် သူမ၏ လုပ်ဆောင်ချက်သည် အတွေးထက်ပင် မြန်နေတတ်သေးသည်။
ထို့ကြောင့်ပဲ နှစ်ဦးသားထရပ်လိုက်သည်နှင့် ရွှေကသစ်သည် ချက်ချင်းပင် မေးလိုက်လေတော့၏။
"ဇော်ဂျီ... ရှင်က စိတ်ဖတ်တတ်တာလား"
ဇော်ဂျီသည် သူမကို ကြည့်လေ၏။ ထို့အမျိုးသား၏ နှုတ်ခမ်းများသည် ပြုံးတော့မလိုလိုဖြစ်နေသော်လဲ မပြုံး။ ထိုအစားသူမကို ခေါင်းပုတ်လိုက်သည်ဟူသည့် မျက်လုံးနွေးနွေးဖြင့်ကြည့်ကာသာ တောင်ဝှေးကိုကိုင်လေ၏။
"ငါတို့သွားရအောင်"
ထိုအမျိုးသားသည် သူမ မေးခွန်းကိုမဖြေ။ သို့သော် အဖြေကို သူ့မျက်လုံးများထဲမှ ခံစား၍ရသည်ဟု သူမ ထင်သည်။
ထိုအဖြေသည်ကား...
ငါကကလေးတစ်ယောက်အတွေးကို မသိဘဲနေမလား။
![](https://img.wattpad.com/cover/243313590-288-k873258.jpg)