5

1.4K 223 21
                                    

Unicode

အပိုင်း - ၅ : ပန်းဦးလွှတ်ဓလေ့။

"ဒီတော့ ဇော်ဂျီ... အခု ကျွန်မတို့က ဘယ်သွားကြမှာလဲ"

ဘာတစ်ခုမှမပြောဘဲ သူမအရှေ့မှသွားနေသည့် ဇော်ဂျီကို နားမလည်စွာဖြင့် ရွှေကသစ်မေးလေတော့၏။

ခေါ်သွားမယ်ဆိုရင် တောထဲကို သွားရတော့မှာ မဟုတ်ဘူးလား။ ဘာလို့ ကျောင်းဘက်ကို သွားနေတာလဲ။

သူမ စကားကို ကြားချိန်တွင် ဇော်ဂျီသည် အနောက်သို့ လှည့်ကြည့်လာ၏။ နှုတ်ခမ်းများသည် ပြုံးမနေသော်လဲ ဇော်ဂျီ၏ မျက်လုံးများတွင် ရွှင်မြူးနေခြင်းတို့ရှိနေခဲ့သည်။

"အိုး ငါတို့ ပန်းဦးလွှတ်ပွဲကို သွားကြည့်ကြမလို့လေ"

"!!!"

ရွှေကသစ်တစ်ယောက် လှမ်းနေသည့် ခြေလှမ်းများကို စုံရပ်လိုက်မိတော့သည်။ ဇော်ဂျီသည် သူမကို မသိမသာငဲ့ကြည့်လာလေ၏။

"ပန်းဦးလွှတ်တာကို ငါတို့သွားကြည့်ကြမယ်လေ"

"ရှင်... ရှင်တို့က တော်တော်ကို လူမဆန်တာပဲ"

ရွှေကသစ်၏ ချုပ်ထိန်းထားသည့် စိတ်သည် ထောင်းခနဲ ပြတ်တောက်သွားတော့၏။ ဒေါသသံဖြင့် သူမသည် ဇော်ဂျီမျက်နှာကို စေ့စေ့ကြည့်ကာ ပြစ်တင်ပြောဆိုလာတော့သည်။ ရွှေကသစ်၏ မျက်နှာသည် ဒေါသဖြင့် နီနေခဲ့ပြီး စက်ဆုတ်ခြင်းများသည် မျက်နှာထက်တွင် ဖုံးမရဖိမရ ဖြစ်နေခဲ့၏။

ဒေါသတကြီးစွပ်စွဲစကားကြောင့် ဇော်ဂျီသည် မိန်းကလေးကို အနည်းငယ်အံ့အားသင့်သည့် မျက်နှာမျိုးဖြင့် ကြည့်လေ၏။

"ရှင်တို့က မိန်းကလေးတစ်ယောက်ကို ပန်းဦးဆွတ်ကြမဲ့အပြင် အရသာခံကြည့်နေကြဦးမယ် ဒါကသိက္ခာနဲ့ညီတဲ့ ကိစ္စတစ်ရပ်ရော ဟုတ်ရဲ့လား"

"သူ့ အဖကိုယ်တိုင်က ကြည်ဖြူစွာလွှတ်လိုက်တာပါ"

ဘာကြောင့် ဒီမိန်းကလေးက ဒေါသထွက်နေမှန်း ဇော်ဂျီသည် နားမလည်။ နားမလည်ဖြစ်ရသော်လဲ မိန်းကလေး၏ ဒေါသကို သူ အရေးမစိုက်နေ။ သူတို့သည် ခပ်မြန်မြန် သွားဖို့လိုအပ်သည်။ အချိန်သည် သိပ်မလိုတော့ပေ။ ထို့အတွက် ဇော်ဂျီသည် မိန်းကလေးကို ထပ်ဆော်ဩလေ၏။

Folded Chapters [BxG] (Own Creation)Opowieści tętniące życiem. Odkryj je teraz