11

1.1K 169 5
                                    

Unicode

အပိုင်း - ၁၁ : အပြစ်ပေးခံရတဲ့မိဖုရား။

"ကျွန်မတို့ မနေ့ကလိုမျိုး အချိန်အကြာကြီးနေလို့မရဘူးထင်တယ်နော်"

သစ်မြစ်တူးနေရင်းမှ ရွှေကသစ်စကားစသည်။ ပုံမှန်အားဖြင့် သူမတို့သည် စကားပြောလေ့ပြောထမရှိ။ သို့သော် ဘာကြောင့်မှန်းမသိ နံနက်ကတည်းက ဇော်ဂျီသည် သူမနှင့်ဝေးကွာနေသည်ဟု စိတ်ထဲတွင် ခံစားနေရသည်။

ဇော်ဂျီက ငါနဲ့သိပ်မနီးချင်သလိုပဲ။

အာ... ငါတို့က အရင်တုန်းကလဲ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေကြတာမဟုတ်ပေမဲ့... ဒါက...

သစ်မြစ်ဆွနေရာမှ ကျားမ၏ ခေါင်းကိုပွတ်သပ်ပေးနေသည့် ဇော်ဂျီကို ရွှေကသစ်လှမ်းကြည့်သည်။ ဇော်ဂျီသည် သူမကို ကြည့်လာ၏။ ရွှေကသစ်၏ ခန္ဓာကိုယ်သည်တောင့်သွားတော့၏။ ချက်ချင်းပင် ခေါင်းကိုငုံ့ကာ သူမ သစ်မြစ်ကို ဆက်တူးနေလိုက်သည်။

အိုး... ခုနစ်ရှစ်... ငါကအခု ရင်ခုန်သွားတာလား... ရင်ခုန်သွားတာလား!!! သူ လှမ်းကြည့်လိုက်တာကိုလေ...

ရွှေကသစ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သုံးသပ်နေချိန်တွင် ဇော်ဂျီ၏ အသံထွက်လာခဲ့လေသည်။

"အင်း... ဟုတ်တယ် ဒါကြောင့် အသင့်ရဲ့ခန္ဓာကိုယ်မတောင့်သွားအောင် အချိန်ကို ငါတို့ပိုသတိထားသင့်တယ်"

ကြည့်ပါလား! ဇော်ဂျီက ငါ့ကိုကြည့်ပေမဲ့ ငါ့ကိုမကြည့်နေဘူး!

ရွှေကသစ်အသေးလေးသည် သူမ၏ စိတ်ထဲမှ ကျယ်လောင်စွာအော်ဟစ်လေ၏။ အရောင်းဌာနမှ မန်နေဂျာတစ်ယောက်မို့ လူကဲခတ်ခြင်းတွင် သူမသည် ကျွမ်းကျင်သည့်သူ။ ရွှေကသစ်တစ်ယောက် စိတ်ထဲတွင် မကျေမချမ်းဖြစ်သွားတော့သည်။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဇော်ဂျီက ပြောင်းလဲသွားရတာလဲ။

"ဒါနဲ့အသင်"

ဇော်ဂျီသည် ပြန်လှည့်သွားပြီးမှ သူမကို ခေါ်လေသည်။ မြေတူးဆွနေရာမှ သူမ လှမ်းကြည့်သော်လဲ ဇော်ဂျီသည် သူမကို မကြည့်ခဲ့။

ဇော်ဂျီ၏ မသိသာသော်လဲ သိသာနေသည့် အပြုအမူသေးသေးလေးများက သူမ စိတ်ကို ကသိကအောက် ဖြစ်စေသည်။ ဖြစ်နိုင်လျှင် ဇော်ဂျီကို ပခုံးနှစ်ဖက်မှ ကိုင်လှုပ်၍ 'ဒါကဘာဖြစ်နေရတာလဲ' ဟု သူမ အော်မေးပစ်လိုက်ချင်သည်။

Folded Chapters [BxG] (Own Creation)Tempat cerita menjadi hidup. Temukan sekarang