အချစ်နဲ့ စစ်

199 35 16
                                    

အချစ်နဲ့ စစ်
အပိုင်း 16

ချန်ယော ရုံးကနေ အိမ်ပြန်ရောက်တော့ အိမ်ရှေ့ကားရပ်လိုက်တာနဲ့ အရင် လိုပြေးထွက်မလာတဲ့ ဆွန်းမီ ကို
မမြင် ။ ပြီးတော့ ဂျောင်ဆူးရော အိမ်မှာရှိရဲ့ လားသိချင်တာနဲ့
အိမ်ထဲ အမြန် ဝင်လာခဲ့လိုက်သည်။

" ဆွန်းမီ... ဘာတွေ ဖြစ်နေတာလဲ "

သူအိမ်ထဲ ဝင်ဝင်ချင်း ထမင်းစားပွဲပေါ်က ဟင်းတွေက အောက်ကို
မှောက်ကြလျက် တစ်ချို့ပန်ကန်တွေက ကွဲကြေနေတာကို ဆွန်းမီက ကောက်သိမ်းနေ ၍ သူလည်းသိချင်တာနဲ့ မေးလိုက်၏

" ဟို...ဟို.. အကိုလေး... "

ပြောရမလို မပြောရမလို ချီတုံချတုံဖြစ်နေတဲ့ ဆွန်းမီကို ချန်ယော စိတ်မရှည်တော့ ။

" ဆွန်းမီ ဘာဖြစ်လို့လဲ သေချာပြောပါ "

" ဟိုနေ့လည်က အကိုလေးက ဟင်းနည်းနည်း ငံသွားတယ် ပြောလို့ ပြန်ပြင်ပေးမယ်ဆိုတော့ အပြင်မခံပဲ ဒေါသတကြီး ဟင်း ခွက်တွေကို ရိုက်ခွဲပြစ်လို့ ပြန်သိမ်းနေတာပါ "

မျက်နှာငယ်လေးနဲ့ ပြောပြီး ခေါင်းငုံ ပြီးပြောနေတဲ့ ဆွန်းမီကို သနားသွားမိတယ် ။ တစ်ချက်တည်းမှာပဲ ဒီလောက်တောင် မောက်မာတဲ့ ဂျောင်ဆူးကို ဒေါသထွက်ကာ

" ဒိုဂျောင်ဆူး....ဒိုဂျောင်ဆူး.. "

ချန်ယော ဒေါသတကြီးနဲ့ ဂျောင်ဆူးကို အော်ခေါ်ကာ အိမ်ပေါ်သို့
တက်လာခဲ့သည်။

ချန်ယော မမြင်လိုက်သည်က သူ့နောက်မှာ အောင်နိုင်သူအပြုံးနဲ့
ပြုံးနေတဲ့ ဆွန်းမီကိုပင် ။....

ဂျောင်ဆူး အခန်းထဲ စာအုပ်ဖတ်နေရင်းမှ အခန်းပြင်ကနေ သူ့အားအော် ခေါ်နေတဲ့ ချန်ယောကြောင့် ဘာဖြစ်လို့လဲ ဆိုတဲ့ အတွေးနဲ့ နာနေတဲ့ ခြေထောက်ကို ဖြည်းဖြည်း ချင်းထောက်ကာ
အပေါက်သွားဖွင့်ပေးလေ ဧ။်

တံခါးဖွင့်ဖွင့် ချင်းမြင်လိုက်ရတဲ့ ချန်ယောရဲ့ မျက်ထောင်နီကြီးနဲ့ ကြည့်နေတဲ့ အကြည့်။

" ဘာလဲ "

" မင်းစိတ်ဓာတ်က တော်တော်ကို အောက်တန်းကြတာပဲ "

အချစ်နဲ့ စစ်Where stories live. Discover now