အချစ်နဲ့ စစ်
အပိုင်း 11" ဖြောင်း....ဖြောင်း.. "
ချန်ယော ထူပူသွားတဲ့ ပါးနှစ်ဖက်ကို ကိုင်ကာ ရှေ့က မင်ဆော့ကို
အံသြမင်သက်သွာကြည့် နေမိသည်။အကြောင်းရင်း မသိပဲ ရိုက်ခံရလို့ နာတာထက် ရှေ့က မင်ဆော့ရဲ့
ခံစားချက်မရှိ တဲ့ပုံစံကြောင့်သူ့မှာ" မင်ဆော့... ဘာ "
" ဘုန်း.... "
ချန်ယော သူ့ရင်ဖက် နဲ့တိုက်ပြီး ပြန့်ကျဲသွားတဲ့ ပုံတွေကို ကောက်ကိုင်ကြည့်လိုက်တော့ မျက်လုံးအစုံပြူးသွားရသည်။
ကုတင်ပေါ်မှာ သူနဲ့ မိန်းမတစ်ယောက် အိပ်နေတဲ့ပုံတွေ ။ နှစ်ယောက်လုံးမှာ အဝတ်အစာမရှိ အရှက်ဖုံးရုံသာ စောင်ကို ခြုံထား တဲ့ သူတို့နှစ်ယောက်ရဲ့ပုံတွေအများ အပြား ။
ချန်ယော သူ့လက်ထဲက ပုံတွေကို မယုံနိုင်စွာကြည့်ရင်း ခေါင်းခါ
ယမ်းလျက် မင်ဆော့အား" မင်ဆော့ မ...."
" မပြောနဲ့ မင်း...မင်းဘာမှ ဆက်ပြောနဲ့ "
မင်ဆော့အသံမှာ အနည်းငယ်တုန်ရီလျက် မျက်ဝန်းထဲက မျက်ရည်တွေအား အပြင်သို့ လျှံကြမလာအောင် ထိန်းထားပုံရသည်။
မင်ဆော့ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာ တုန်ရီနေတဲ့
လက်တွေက ပြောပြနေလေရဲ့..." အာ့တာ တကယ်မဟုတ်ဘူး မင်ဆော့ကိုယ်ရှင်း "
" မရှင်းပြနဲ့ အမှန်ဆို ငါမှားခဲ့တာမင်းကို အယုံလွဲ ခဲ့ တဲ့ ငါဆိုတဲ့ စောက်ရူးကောင်ကပဲ မှားတာ မင်းမမှားဘူး "
" မင်ဆော့ရယ် ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်ရှင်းပြတာ စိတ်အေးအေး နဲ့ နားထောင်ပေးနော်.. ကိုယ် "
" ငါတို့ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး ချန်ယော "
" မင်ဆော့ "
ချန်ယော မင်ဆော့ ပခုံးနှစ်ဖက်ကို ဆွဲကိုင်ကာ ပြောသော်လည်း
မင်ဆော့ ကတော့ အသက်မရှိ သလို ငြိမ်သက်လျက် ။" ကိုယ်တောင်းပန်ပါတယ် မင်ဆော့ ကိုယ့်ကို မမုန်းလိုက်ပါနဲ့နော် "