အချစ်နဲ့ စစ်
အပိုင်း 12" ဒိုဂျောင်ဆူး ဆိုတာ အကိုလား "
ဂျောင်ဆူး ပန်းခြံမှာ ဆယ်ဟွန်းကို စောင့်နေရင်း ဘေးကို ကောင်လေး တစ်ယောက်ရောက်လာကာ သူ့အားမေးလေ ၏
" ဟုတ်တယ် ဘာလို့လဲ "
" ဟို အကိုဆယ်ဟွန်းက ခေါ်ခိုင်းလိုက်လို့ပါ "
" ဟင် ဆယ်ဟွန်းက "
" ဟုတ်တယ် ဟိုထောင့်က ကားမှာ စောင့်နေမယ်တဲ့ "
ဆယ်ဟွန်းဆိုတာကလည်း ဟိုးနားနဲ့ ဒီနားကို လူကြုံနဲ့ ခေါ်ခိုင်းရတဲ့
လို့ ။ဘာတွေ အဆန်းထွင်ဦးမလဲ မသိပါဘူး ။ဂျောင်ဆူး ပြုံးကာ ထိုကားနားကို လျောက်လာခဲ့သည်။ ကားနား
ရောက်တော့ ဆယ်ဟွန်းစီးနေကြ ကားမဟုတ်တာကြောင့် ကားထဲကို အကဲ ခတ်နေတုန်း ကားတံခါး ပွင့်လာပြီး အထဲကို
စောင့် ဆွဲခြင်း ခံလိုက်သည်။ဂျောင်ဆူး ရုတ်တရက် စောင့်ဆွဲခံလိုက်ရတော့ ကြောင်သွားကာ
စောင့်ဆွဲတဲ့ လူကို ကြည့်လိုက်တော့ ချန်ယော ။ချန်ယောက မဲ့ပြုံးပြုံးလျက်
" ဒိုဂျောင်ဆူး ဘယ်လိုလဲ အံသြ သွားလား "
" မင်း...မင်းဒါဘာလုပ်တာလဲ "
" ဘာလုပ်တယ် ထင်လဲ ပြောကြည့်လေ "
" မင်းလိုအကောင်မျိုးနဲ့ ပြောစရာ အကြောင်းကိုမရှိဘူး "
ဂျောင်ဆူး ပြောပြီး နောက်က ကားတံခါးကို ဖွင့်ရန်ပြင်လိုက်တော့
ချန်ယော ဂျောင်ဆူး ခန္ဓာကိုယ် အားရင်ခွင်ထဲ ဆွဲထည့်ကာ ချုပ်ထားလိုက်သည်။ဂျောင်ဆူး ဒေါသထွက်လွန်းလို့ အသားတွေ တဆက်ဆက်တုန်ကာ
ရုန်းကန်လေတော့သည်။ အားချင်းမမျှတာ ကြောင့် ရုန်းလဲအပိုပင်။" မင်းအပြစ် မင်းပြန်ပေးစပ်ရမယ် ဂျောင်ဆူး "
" ဘာအပြစ်လဲ လွတ်စမ်းငါ့ကို "
" ဟားဟား ဒိုဂျောင်ဆူး မင်းရုန်းလဲအပိုပဲ ခုတော့ ညောင်းသွားပြီ
ဆိုတော့ ခဏနားလိုက်ဦး "ချန်ယော ပြောကာ သူ့အိပ်ကပ်ထဲက လက်ကိုင်ပုဝါယူလျက်
ဂျောင်ဆူး နှာခေါင်းကို ဖုံးအုပ်လိုက်သည်။ ခဏကြာတော့ ရုန်းကန်နေရင်း မှ ငြိမ်သက်သွားတဲ့ ဂျောင်ဆူးကို လွှတ်ကာ
ထိုနေရာမှ ကားမောင်းထွက်လာခဲ့သည်။