အချစ်နဲ့ စစ်
အပိုင်း 8
" မင်းတို့ကို ငါပြောမလို့ "
" အေးပြောလေ "
ဂျောင်ဆူး သန့်စင်ခန်းက ဘေစင်မှာ လက်ဆေးရင်း စကားစလေသည်။
" ဟိုနေ့က မင်ယောင်းဆိုတဲ့ ချီးထုပ်မလေ ငါ့ကို ချန်ယောနဲ့ ကြိုက်တယ်ထင်ပြီး ဘလိုင်ကြီး လာကော သွားတယ် "
" ဟုတ်လား "
" ဘယ်နဲ့ကွာ ဒီလောက်တွေ့တာနဲ့ သတ်နေကြတဲ့ လူတွေကို
ဘယ်က များသတင်းကြားပြီး လာပြောနေတာလဲ "" မသိပါဘူး သူ့ကောင် ချန်ယောက ခုမင်ဆော့နဲ့ ဖြစ်နေတာ သူ့ကို
အရင်လို ဂရုမစိုက်တော့ဘူးနေမှာပေါ့ အာ့ကြောင့် လာရမ်းနေတာ
နေမှာ "မင်ဆော့ သန့်စင်ခန်း ထဲ ဝင်မလို့ရှိသေးတယ် အထဲက သူ့နာမည်
ကြားတာနဲ့ ရပ်ကာ နားထောင်နေလိုက်သည်။" ဒါနဲ့ မင်ဆော့ကရော ချန်ယောမှာ ကောင်မလေးရှိနေတာ မသိဘူးလား "
လုဟန်ရဲ့အပြောကို ဂျောင်ဆူးက
" မသိဘူးနေမှာပေါ့ အာ့ကြောင့် မင်ဆော့ကို လှည့်ချင်တိုင်းလှည့်နေတာ "
" အေးနော် မင်ဆော့ကော ဟိုကောင်မလေးရော နှစ်ယောက်လုံးကို
ရီးစားတော် ထားတာ လွန်ပါ့ ချန်ယောက "မင်ဆော့ အထဲက ဂျောင်ဆူးတို့အပြောတွေ ကြောင့် သူ့နားသူ
မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ဘာတဲ့ချန်ယောမှာ ရီးစား
ရှိတယ်။ ဟိုနေ့က လာပြောသွားတဲ့ တစ်ယောက်က သူ့ရီးစာ
လား ။သူ့ကိုတစ်ကယ် ချစ်လှပါပြီဆိုတဲ့ ချန်ယောကို သူကြောက်သွား သည်။ အမှန်ဆို သူလည်း ချန်ယောရဲ့ အချစ်ကို ချက်ချင်း လက်ခံ
လိုက်တာ တကယ်နောင်တရမိတယ် ။မင်းက ငါ့ကို နုံအတယ် ဆိုပြီး မင်းလှည့်ချင်တိုင်းလှည့် ကစားချင်တိုင်း ကစားနေခဲ့တာပေါ့ ။
မင်ဆော့ အထဲက စကားတွေကို ဆက်နားမထောင်နိုင်တော့ပဲ ပြေး
ထွက်လာခဲ့တော့သည်။မင်ဆော့ မျက်ရည်တွေကြကာ ရှေ့ကလူတွေတောင်မမြင်နိုင်
လောက်အောင် ရမ်းသမ်းပြေးနေရင် ရင်ဖက်တစ်စုံနဲ့ ဝင်တိုက်မိသည်။ မော့ကြည့်လိုက်တော့ kai