အချစ်နဲ့ စစ်

235 45 32
                                    

အချစ်နဲ့ စစ်

အပိုင်း 18

" ဒိုဂျောင်ဆူး "

သူအခန်းထဲဝင်လာတာနဲ့ ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ ချန်ယောက နာမည်ကို ခေါ် လာပြီး ။ ဒီလို နာမည်အပြည့်အစုံ ခေါ်ရင်တော့ ပြသနာ တက်ဖို့ ဇာတ်လမ်းက စတော့မည်။

" ဘာလဲ ပြော "

" မင်းကလေ တွေ့တဲ့ လူတိုင်းနဲ့ ပြသနာဖြစ်တယ်နော် "

သူ့ကို စိတ်ပျက်သလိုကြည့်ကာ ပြောလာတဲ့ ချန်ယော ။

" ငါက ပြသနာ ဖြစ်ချင်းတိုင်းဖြစ်နေတာ မဟုတ်ဘူး သူတို့ကိုယ်တိုင်
က ကို ပြသနာ ဖြစ်အောင်လုပ်နေကြတာ "

"မနက်ကလည်း ပန်ကန်တွေ ရိုက်ခွဲတယ်ဆို ဒါအမေတို့အိမ်နော်
ဂျောင်ဆူး ငါတို့အိမ်မဟုတ်ဘူး မင်းလုပ်ချင်းတိုင်း လုပ်မနေနဲ့ "

" မင်းကလေ ငါပန်ကန်တွေ ခွဲတာပဲ မြင်တာ ဘာကြောင့်ခွဲ လဲ မေးဖူးလား ဟမ် "

" အာ့ဆို ဘာကြောင့် ခွဲလဲ ပြောလေ ပြောစမ်းပါ "

" အေး မင်းတို့အိမ်က စောက်ဆင့်မရှိတဲ့ အိမ်စေတွေ ကငါ့ကို မနက်စာ လာပြင်ခိုင်းတယ်လေ ။ မင်းလိုကောင် ခိုင်းတာတောင် ငါမလုပ်ပေးတာ သူ့တို့ဆို ပိုဆိုးသေး အဲ့တာကြောင့် မှတ်လောက်အောင် ပညာပြလိုက်တာလေ "

" နေပါဦး သူတို့က မင်းကို ဘာလို့ ဒီလို ခိုင်းရတာလဲ "

" ဟက်... ချန်ယော အဲ့တာ ဘယ်သူလုပ်ခိုင်းတယ် ထင်လဲ မင်းရဲ့အမေလေ "

" ဘာ ငါ့အမေက ဟုတ်လား "

" ဟုတ်တယ် ။ အလကား ငါ့ကိုများ သူ့သားကို ချစ်လှပါချည့်ရဲ့ ဆိုပြီး လက်ထက်ထားတယ်များထင်နေလား မသိဘူး ။ အားနေ အနိုင်ကျင့်ဖို့ပဲ ချောင်းနေတယ် "

" တော်တော့ ဂျောင်ဆူး ငါ့အမေကြောင့်ဆို မင်းကို ငါကြားထဲကနေ တောင်းပန်တယ် အိမ်စေတွေကို လည်း ငါပြောထားမယ် ဟုတ်ပြီလား "

" အေးအကုန် ပြောထား မင်းအမေပါ ပြောထား ဒိုဂျောင်ဆူးကို လာထိရင် မီးပွင့်သွားမယ်လို့ "

" ဒိုဂျောင်ဆူး မင်းဘယ်လိုဖြစ်လို့ ငါအမေကို ရန်လိုနေရတာလဲ "

အချစ်နဲ့ စစ်Where stories live. Discover now