အချစ်နဲ့ စစ်

199 33 0
                                    

အချစ်နဲ့ စစ်

အပိုင်း 2

ဂျောင်ဆူး မနက်ကျောင်းရောက်တော့ ဟိုနှစ်ကောင်က စကားမပြော ။မပြောလည်း နေပေါ့ ကျွန်တော်ဆိုသည်မှာ ကိုယ့်ဘက်က မှားနေရင်တောင် ဘယ်တော့မှ မတောင်းပန်ဘူး။
ကျွန်တော့်ဘဝမှာ ဘယ်သူ့ကိုမှ အောက်ကြို့ ချင်းမရှိခဲ့ သလို
တောင်ပန်းတယ် ဆိုတာလည်းမရှိခဲ့ပေ။ ဘာကြောင့်ဆို ကျွန်တော်
က ဒိုဂျောင်ဆူး ဖြစ်နေ လို့လေ ။

ကျွန်တော်လည်း ခုံမှာဝင်ထိုင်ကာ စာအုပ်ထုတ်ကာ ဖတ်နေလိုက်သည်။

" ဟားဟား ရအောင်ယူလေကွာ မင်းယောကျာ်း မဟုတ်ဘူးလား "

" ပေးကွာ ငါ့စာအုပ် "

" မပေးဘူးကွာ မင်းရအောင် လိုက်လုလေ ဟားဟား "

ကျွန်တော် နောက်က ဆူညံသံတွေကြောင့် ကြည့်လိုက်တော့ အတန်းထဲက အနေအေးတဲ့ ကောင်လေး ကို ဝိုင်းစနေကြတဲ့
မင်ယောင်းတို့ အုပ်စု။

ထိုကောင်တွေက အတန်းထဲမှာဆို စောက်ခွပ်ပြောင်လွန်းတဲ့ အုပ်စု။
တစ်ခါတစ်လေ လည်း အတန်းထဲက လူတွေကို ဗိုလ်ကြတက်သည်။ ထိုထဲမှာကျွန်တော် တော့မပါဘူးနော် ။
ကျွန်တော့်လာဗိုလ်ကြကြည့်ပါလား တစ်ခါတည်း ခွေး ဘဝရောက်
သွားမယ် ။ ဒါကြောင့် ကျွန်တော့်ကိုဆို စဖို့ ဗိုလ်ကြဖို့နေနေသာသာ
မျက်နှာ ချင်းဆိုင် တောင်မကြည့်ရဲ ပေ။

ခုလည်း ဟိုကောင်လေးကို ဝိုင်းစနေတာများ ထညက်ခဲ ကို ခွေးတွေ ဝိုင်းယပ်နေတဲ့ အတိုင်းပဲ ။ ဟိုကောင်လေး ကလည်း
ပျော့ညံ့ ချက်ပဲ ။ အူကြောင်ကြောင်လေး ဆိုတော့ သူတို့ ဝိုင်းစ
လို့ကောင်းနေမှာပေါ့ ။ ထားပါလေ ကျွန်တော့် ကိစ္စ မှမဟုတ်တာ ။

ဂျောင်ဆူး ရှေ့ကို ပြန်လှည့်ကာ ကိုယ့်စာကို လုပ်နေလိုက်သည်။

" မင်းလိုချင်ရင် ယူလေ ရော့ကွာ "

" ဘုတ် "

မင်ယောင်းပြစ်လိုက်တဲ့ စာအုပ်က ကျွန်တော့် ခုံဘေး​ရောက် လာသည်။
ကျွန်တော် ဂရုမစိုက်ပဲ မသိသလို နေလိုက်သည်။ အလကား
ချီးထုပ်တွေ အတွက် စိတ်မတို ချင်တာလည်း ပါမှာပေါ့လေ။

အချစ်နဲ့ စစ်Donde viven las historias. Descúbrelo ahora