အချစ်နဲ့ စစ်
အပိုင်း 5" မင်ဆော့ "
မင်ဆော့ ကား ပေါ်ကဆင်း ဆင်းချင်း ဘေးကိုနာမည်ခေါ် ကာ ရောက်လာတဲ့ ချန်ယော ။
" ဟင် ချန်ယော ခေါင်းမှာလဲ ပတ်တီးကြီးနဲ့ ဘာဖြစ်တာလဲ "
" ဟို ခွေးကိုက်သွားတာ "
" ချန်ယောကလည်း ဘယ်လိုသွားလုပ်လို့ ခေါင်းကို ကိုက်ရတာလဲ "
ချန်ယောရဲ့ စကားကို အတည်မှတ်ကာပြောနေတဲ့ မင်ဆော့။ အမှန်တော့ ဂျောင်ဆူး ဆိုတဲ့ ကောင်ကို မကြေနပ်လို့ ခွေးနဲ့ နှိုင်း
လိုက်ခြင်းပေ။" ခွေးက ရိုးရိုးခွေးမဟုတ်ဘူး မင်ဆော့ရ လူခွေး "
" ဗျာ လူခွေး "
" ထားလိုက်ပါ လာ အတန်းထဲ လိုက်ပို့ပေးမယ်လေ "
သူ့အပြောကြောင့် ခေါင်းရှုပ်သွားတဲ့ မင်ဆော့ လက်ကို ဆွဲ ကာ
အတန်းထဲ လိုက်ပို့ရန်ပြင်လိုက်သည်။လမ်းတစ်လျောက်လုံး သူတို့ကို လူတွေက ကွပ်ကြည့်ကွပ်ကြည့်နဲ့။
ကြည့်မှာပေါ့ မင်ဆော့လက်ကို ဆွဲကာ လမ်းလျောက်နေတဲ့ ချန်ယောကြောင့်ပင် ။မင်ဆော့လည်း သူ့လက်ဆွဲထားတာကို ခုမှ သတိရကာ
" ဟို ချန်ယော ကျွန်တော့်လက်ကို လွတ်ပေးဦး "
" အော် sorry မင်ဆော့ "
သူပြောမှ လက်ကိုလွတ်ကာ ပါးချိုင့် ပေါ်အောင်ပြုံးပြနေတဲ့ ချန်ယော ကြောင့် မင်ဆော့ ရင်တောင်ခုန်သွားသည်။" ဟို ကျွန်တော်သွားတော့မယ်နော် "
" အင်း နောက်မှ တွေ့ကြမယ် bye "
မင်ဆော့ ချန်ယောကို ကြည့်ပြီး ပြုံးကာ အတန်းထဲဝင်လိုက်တော့
နှဖူးပေါ် ကြရောက်လာတဲ့ အရာ ဝတ္တု တစ်ခုကြောင့် ကြည့်လိုက်တော့ စာအုပ် အထူကြီး ။မင်ဆော့လည်း ရုတ်တရက်ဆိုတော့ နောက်ကို ယိုင်ကြသလို ဖြစ်သွား တာကို ချန်ယော မြင်တော့ လှမ်းထိန်းကာ
" မင်ဆော့ ရရဲ့လား "
" ရ... ရပါတယ် "
ရပါတယ်သာပြောနေတာ နှဖူးက ချက်ချင်းဆိုသလိုရဲတက်လာ
တာကြောင့် ချန်ယော ဒေါသထွက်ကာ စာအုပ်နဲ့ ပေါက်တဲ့ လူကို
အခန်းထဲ ဝင်ရှာလိုက်တော့ သူ့ရဲ့ မုန်းလှစွာသော ဂျောင်ဆူး
ဆိုတဲ့ ကောင် ။ ဘာလဲ ဒီကောင်က မင်ဆော့နဲ့ တစ်ခန်းထဲလား ။