အချစ်နဲ့ စစ်

159 33 12
                                    

အချစ်နဲ့ စစ်

အပိုင်း 6

"  မင်ဆော့ "

ချန်ယော သစ်ပင်အောက်က ထိုင်ခုံမှာ မင်ဆော့နဲ့ အတူထိုင်ကာ
စာအုပ်ဖတ်နေတဲ့ မင်ဆော့ကို ခေါ်လိုက်တော့ စာအုပ်က အကြည့်
မခွာပဲ ထူးလေသည်။

" အင်း ပြောလေ "

" မင်းကို ငါချစ်တယ် "

"ဟင် "

ထိုအခါမှ စာအုပ်က အကြည့်ခွာကာ ပြူးကြောင်ကြောင်လေး သူ့ကို
ပြန်ကြည့်လာသည်။

ချန်ယော မင်ဆော့ကို ချစ်မိတာ ထိုအချက်တွေလည်း ပါလောက်သည်။ တစ်ခုခု အံသြပြီဆို ပြူးကြောင်ကြောင် အကြည့်လေးတွေ  စကားပြောလိုက်တိုင်း ဖောင်းလာတဲ့ ပါးလေး
တွေ ဟို မင်ဆော့ရဲ့ မျက်နှာ အစိတ်အပိုင်း အပြုအမူတွေကစ
သူချစ်ဆို လည်း မမှားပေ။

အခုရက်ပိုင်းတွေ မင့်ဆော့နားနေတာ များတော့ မင်ဆော့ အကြောင်း တွေ သိလာရသည်။ မင်ဆော့က အနေအေးပေမဲ့
တစ်ခုခုဆို ပြတ်သားစွာ ဆုံးဖြတိတယ် ။ ပျော့ညံတယ်ထင်ရပေမဲ့
စိတ်ဓာတ်က လူနဲ့ မလိုက်အောင် မာကြောတယ်။

စကားနည်းတယ်ဆိုပေမဲ့ တကယ်တမ်းပေါင်းကြည့်မှ ဖြူစင်ရိုးသား
ပြီး လူချစ်လူခင်ပေါ တယ်ဆိုတာ သူနဲ့ ပေါင်းတဲ့ အပေါင်းအသင်း
တိုင်းသိသည်။

အပေါင်းသင်းဆိုမှ သူနဲ့အမြဲတွေ့ရတက်တဲ့ kai ဆိုတဲ့ ကောင်နဲ့ ကျွန်တော့်မှာ အမြဲ သဝန်တိုသလို kai ကလည်း ကျွန်တော့်ကို
သိပ်မကြည်ပေ။ သူမျက်ဝန်းထဲမှာ မင်ဆော့အပေါ် ထားတဲ့ အချစ်
တွေ မြင်နေရတယ် ။ ဒါကြောင့်ပဲ ခုလို ဖွင့်ပြောလိုက်ချင်းပေ။

" မင်ဆော့ ကိုယ့်ကို အဖြေပေးဦးလေ "

မင်ဆော့ သူ့ရှေ့က ကလေးဆန်ဆန် အပြုမူတွေလုပ်တက်တဲ့
ချန်ယောကို သူသိပ်မယုံသေး ။  ကျောင်းမှာ သူ့ကိုကြိုက်တဲ့
ကောင်မလေးတွေမှ အများကြီးပဲ ။တကယ်ဆိုသူက အချောအလှ
တွေပေါတဲ့ ဒီကျောင်းက မိန်းကလေးတွေကို စိတ်ဝင်မစားပဲ
ကျွန်တော့်ကို ချစ်တယ်ဆိုတာ ဖြစ်နိုင်ချေရှိပါ့မလား။

အပျော်တွဲတာလား ။ပေါ်ပင်လုပ်တာလားဆိုတာ ဝေခွဲမရသလို့
ယုံကြည်လို့လဲမရပေ။ ဒါပေမဲ့ ကျွန်တော် သူ့ရဲ့ ဂရုစိုက်မူတွေမှာ
ပျော်ဝင်ကာ ချစ်တဲ့ စိတ်လေး ရှိနေတာတော့ ယုံကြည်တယ်။

အချစ်နဲ့ စစ်Dove le storie prendono vita. Scoprilo ora